Friday, May 2, 2014

တပို့တွဲလပြည့် သြ၀ါဒပါတိမောက်အခါတော်နေ့

တပို့တွဲလပြည့် သြ၀ါဒပါတိမောက်အခါတော်နေ့
•••••••••••••••••••••••••••••••••••••••••••
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ ...
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ ... တို့ ဖြစ်ပါသည်။
ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ ဘုရားတဆူနှင့်တဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊ ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ ...
၁။ ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
၂။ သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
၃။ ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်
၎။ ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။
သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။
ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။
ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင် ရှင်တထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
{ သြ၀ါဒပါတိမောက် ပါဠိ -မြန်မာ}
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သစိတ္တပရိယောဒါပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ ။
အကုသိုလ်များ ရှောင်ရှားပယ်လေ
ကုသိုလ်တရား ဖြစ်ပွားစုံစေ
မိမိစိတ်ဓါတ် ဆွတ်ဆွတ်ဖြူစေ
ဤသုံးပါး ဘုရားဆုံးမပေ ။

မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကျမ်းစာများ



Ashin Janakabhivamsa













Ashin Janakabhivamsa
Nayaka Sayadaw of Mahagandharama Monastery, Amarapura, Mandalay Division, Myanmar               
 အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ
e-Book in Myanmar ဓမ္ဓ ကျမ်းစာများ
******************************************
မူပိုင် © ၂၀၀၉ မဟာဂန္ဓာရုံကျောင်းတိုက်၊ အမရပူရမြို့
****************************************
 မဟာဂန္ဓာရုံဆရာတော်ကြီး၏ အထင်ရှားဆုံးစာအုပ်အချို့

























ဓမ္မကိုယ်ရံတော်(၄)ပါး၊ အရေးကြုံသက်လုံကောင်းစေ

၁။ ဗုဒ္ဓါနုဿတိ
၁။ ဘုရား၏ဂုဏ်အဖုံဖုံအာရုံပြုရသည်။
၂။ ဂုဏ်တော်ဆင်ခြင် စိတ်အစဉ် ကြည်လင်အေးမြသည်။
၃။ ဘုရား၏သားဘုရားအားမေ့ထားမသင့်ပြီ။
၎။ ဘုရားလုပ်ရပ် အထပ်ထပ် သုံးသပ်ရပါသည်။
၅။ ဘုရားပြောငြားစကားများစဉ်းစားရပါသည်။
၆။ ဘုရားဉာဏ်ဟာကုန်သိတာခါခါတွေးရသည်။
၇။ ဘုရားမေတ္တာ၊ ကရုဏာခါခါတွေးရသည်။
၈။ ဘုရားစိတ်မှာပူကင်းတာခါခါတွေးရသည်။
၉။ ဘုရားစိတ်မှာ ဖြူစင်တာခါခါတွေးရသည်။
၁၀။ ဘုရားစိတ်မှာတည်ကြည်တာခါခါတွေးရသည်။
၁၁။ ဘုရားလုံ့လ ၊ မလျော့ကျ၊ တွေးကြရပါသည်။
၁၂။ ဘုရားဆန္ဒ၊ မလျော့ကျ၊ တွေးကြရပါသည်။
၁၃။ တရားဟောပြ၊ မလျော့ကျ၊ တွေးကြရပါသည်။
၁၄။ ဘုရားစိတ်ဓာတ်၊ မတုန်လတ်၊ မပြတ်တွေးရသည်။
၁၅။ ဘုရားစိတ်ဓာတ်၊ မလှုပ်လတ်၊ မပြတ်တွေးရသည်။
၁၆။ဘုရားခန္တီ၊ ထိပ်ရောက်ပြီ၊ ချီချီတွေးရသည်။
၁၇။ ဘုရားစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ သုံးသပ်ရပါသည်။
၁၈။ ဂုဏ်တော်ဆင်ခြင်၊ စိတ်အစဉ်၊ အားအင်တိုးလာသည်။
၁၉။ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ဝီရိယ၊ ပညာတိုးလာသည်။
၂၀။ အားအင်ပြည့်မှ၊ လုပ်ကိစ္စ၊ လုပ်ရအောင်မြင်သည်။(သာမဏေကျော်ဆရာတော်)

၂။ မေတ္တာဘာဝနာ
အတုမရှိသော မေတ္တာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

လောဘခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ လောဘခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသသိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
မောဟခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ မောဟခပ်သိမ်း ငြိမ်းကြပါစေ။
(သောက၊ မာန၊ နောင်တ၊---)

၃။ မရဏာနုဿတိ
၁။ သေမယ့်အရေး၊ နေ့တိုင်းတွေး၊ ထိုတွေးကြွယ်သင့်သည်။
၂။ ငါသေရမည်၊ ငါသေမည်၊ လီလီတွေးသင့်သည်။
၃။ မသေသူက၊ ဒီလောက၊ ဘယ်မှမရှိပြီ။
၎။ လူတိုင်းပင်လျှင်၊ တစ်နေ့တွင်၊ မှန်ပင်သေရမည်။
၅။ တစ်နေ့ထက်တစ်နေ့၊ သေမယ့်နေ့၊ နီး၍လာနေပြီ။
၆။ မသေခင်လေး၊ ကုသိုလ်ရေး၊ မနှေးပြုသင့်သည်။
၇။ သေပြီးနောက်ခါ၊ ကိုယ့်နောက်မှာ၊ ဘယ်ဟာမပါပြီ။
၈။ သံသရာမှာ၊ ကိုယ့်ကံသာ၊ ကပ်ကာလိုက်ပါသည်။
၉။ မသေသေးခင်၊ ချင်းချင်းတွင်၊ ကြင်ကြင်နာနာရှိရသည်။
၁၀။ မသေသေးခင်၊ ချင်းချင်းတွင်၊ ခင်ခင်မင်မင်ရှိရသည်။
၁၁။ မသေသေးခင်၊ ချင်းချင်းတွင်၊ ကူချင်စိတ်လေးမွေးရသည်။
၁၂။ သတ္တ၀ါတိုင်းပင်၊ ထာဝစဉ်၊ သက်ရှည်ချင်ကြသည်။
၁၃။ သက်ရှည်ချင်ကြ၊ ဘယ်သူမှ၊ ဆန္ဒမပြည့်ပြီ။
၁၄။ မသေချင်ဘဲသာ၊ လူတိုင်းဟာ၊ သေကာသွားရသည်။
၁၅။ သစ်ရွက်တွေက၊ ကြွေချိန်ကျ၊ ကြွေကြရပါသည်။
၁၆။ သစ်သီးတွေက၊ ကြွေချိန်ကျ၊ ကြွေကြရပါသည်။
၁၇။ နေမင်းသော်မှ၊ ဝင်ချိန်ကျ၊ ဝင်ရပါပေသည်။
၁၈။ သတ္တဝါမှန်သမျှ၊ သေချိန်ကျ၊ သေကြရပါမည်။
၁၉။ ကုသိုလ်လီလီ၊ မသေမီ၊ သင်သည်ပြုသင့်သည်။
၂၀။ သံသရာမှာ၊ ကုသိုလ်သာ၊ ကိုယ့်မှာကူညီမည်။(သာမဏေကျော်ဆရာတော်)

၎။ အသုဘဘာဝနာ
၁။ သေပြီးနောက်တွင်၊ မကြာခင်၊ ကိုယ်တွင်ပုပ်လာသည်။
၂။ သွေးပုပ်တွေယို၊ ပြည်တွေယို၊ ဒီကိုယ်ရွံကြပြီ။
၃။ ပုပ်နံ့ထွက်ရင်၊ မိဘပင်၊ နားတွင်မကပ်ပြီ။
၎။ ပုပ်နံ့ထွက်ရင်၊ ဇနီးပင်၊ နားတွင်မကပ်ပြီ။
၅။ ပုပ်နံ့ထွက်ရင်၊ သမီးပင်၊ နားတွင်မကပ်ပြီ။
၆။ ပုပ်နံ့ထွက်ရင်၊ ချစ်သားပင်၊ နားတွင်မကပ်ပြီ။
၇။ ပုပ်နံ့ထွက်ရင်၊ ချစ်လင်ပင်၊ နားတွင်မကပ်ပြီ။
၈။ ပုပ်နံ့ထွက်က၊ လူတိုင်းက၊ ဝေးမှ ရှောင်ကြပြီ။
၉။ သေသွားသောခါ၊ ဒီလိုသာ၊ မှန်စွာဖြစ်လာမည်။
၁၀။ မသေသေးခင်၊ နေ့စဉ်တွင်၊ မစင်ယိုထွက်သည်။
၁၁။ မသေခင်ပင်၊ ဒီကိုယ်တွင်၊ နေ့စဉ် ဆီးထွက်သည်။
၁၂။ မျက်ချေး၊ နှပ်ချေး၊  သွားချေး၊ နဖာချေး၊ ညစ်ကြေးချွေးထွက်သည်။
၁၃။ မသေသေးခင်၊ ရွံဖွယ်ပင်၊ နေ့စဉ်ယိုထွက်သည်။
၁၄။ ရွံဖွယ်တွေထွက်၊ ထိုအချက်၊ ရှုကွက်ဖြစ်ပါသည်။
၁၅။ ထိုရှုကွက်ရှု၊ နေ့စဉ်ပြု၊ အသုဘဘာဝနာဖြစ်ပါသည်။
၁၆။ ကိုယ့်ကိုယ်ကိုယ်ဝယ်၊ သူ့ကိုယ်ဝယ်၊ အတွယ်ကင်းလာမည်။
၁၇။ အမှန်မမြင်၊ ကိုယ်ပေါ်တွင်၊ ခုံမင်နေတော့သည်။
၁၈။ အရှိတိုင်းသာ၊ ရှုမြင်ကာ၊ ခါခါသိသင့်သည်။
၁၉။ အရှိတိုင်းသာသိမြင်လာတဏှာကင်းကွာသည်။
၂၀။ တဏှာကင်းမှ၊ ဒုက္ခကလွတ်ရပါပေမည်။(သာမဏေကျော်ဆရာတော်)


ဓမ္မကိုယ်ရံတော်(၄)ပါး၊ အရေးကြုံသက်လုံကောင်းစေ ။ မပွားမဖြစ် ပွားရမည့် သမထကမ္မဌာန်း(၄)ပါး။စတုရာရက္ခကမ္မဌာန်း၊ သဗ္ဗတ္ထကမ္မဌာန်း