ရဟန်းသံဃာတော်များသည် တစ်နှစ်တွင်သုံးလ ဝါဆိုတော်မူကြသည်။ “ဝါဆိုသည်“
ဟုဆိုရာ၌ အကြောင်းကြီးငယ်မရှိဘဲ မိမိတို
့သီတင်းသုံးရာအရပ်မှထွက်ခွါကြွသွားခြင်းမပြုသည်ကိုဆိုသည်။
ထိုသုံးလကာလသည်ပင်“ဝါတွင်း“ မည်ပေသည်။ ပရိယတ်နှင့်ပဋိပတ် သာသနာတို
့အလို့ငှါ အ
ပြည့်အ၀ အားထုတ်ကြိုးကုတ်ခွင့်ရကြသည့် အခါသမယလည်းဖြစ်သည်။
ဝါခေါင်လသည် ဝါတွင်းသုံးလ၏ အလယ်ခေါင်ကျသောလဖြစ်သည်။ မေတ္တာအခါတော်နေ့သည်
ဝါခေါင်လပြည့်နေ့ ဖြစ်သည်။ စင်စစ်၊ မေတ္တာအခါတော်နေ့ မှာ ကြာမြင့်လှပြီ
ဖြစ်သော ဗုဒ္ဓ
မြတ်စွာဘုရား သက်ရှိထင်ရှားရှိတော်မူခဲ့စဉ်က စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မရှိရာမှ
ရှိလာခဲ့သော ထိုနေ့၏ မူလအရင်းအမြစ်ကို သိကြပါလျှင် ပိုမို၍ပင် သဒ္ဓါတရားပွါးများ မိကြပါ
လိမ့်မည်။
ရဟန်းသံဃာတော် အပါးငါးရာသည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားများတောင်းယူကြကာ
ဝါမဆိုမီကျောင်းမှထွက်ခွါကြပြီးတောအုပ်ကြီးတစ်ခုတွင် တရားအားထုတ်၍နေတော်
မူကြလေ
သည်။ ၀ါကျွတ်အမီ တရားရရှိကြရန် ရည်သန်ချက်ဖြင့်ဖြစ်သည်။ ရဟန်းတော်များ၏
သိက္ခာ ဂုဏ် မြင့်မြတ်မှုကြောင့် နေရင်းစွဲ ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည်
မိမိတို့၏ ဘုံဗိမာန်အသီးသီးကို
စွန့်လွှတ်ရှောင်တိမ်းသွားကြရတော့သည်။ သို့ သော်၊ အနံ့ဆိုးများနှင့်ကြောက်မက်ဖွယ် အသံ
များ ပေးလျက် ရဟန်းတော်များအား အနှောက်အယှက် ပြု ကြလေသည်။ ငြိမ်းချမ်းစွာတရား
အားထုတ်၍ မရကြသောရဟန်းတော်များသည် မြတ်စွာဘုရားထံပြန်ခဲ့ကြသည်။
အကြောင်းခြင်းရာကို ဆင်ခြင်သုံးသပ်တော်မူအပြီး၌ မြတ်စွာဘုရားသည် ရဟန်းတော်တို့ အား
မေတ္တာသုတ် ပရိတ်တရားတော်ကို ဟောကြားပို့ ချတော်မူခဲ့သည်။
ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များသည်ထပ်မံ၍ တောအုပ်ကြီးသို
့ရောက်ရှိခဲ့ကြ ပြန်သည်။ ဤအကြိမ်တွင်မူ
တောအုပ်ကြီးအတွင်းသို့ စတင်ဝင်ရောက်သည်နှင့် မေတ္တာသုတ်တရားတော်ကို
ရွတ်ဆိုပွါးများ သွားကြလေသည်။ မေတ္တာတန်ခိုးကြောင့် ဘုမ္မစိုး
ရုက္ခစိုးနတ်တို့သည် ရန်လိုခြင်းမရှိကြတော့
ချေ။ ရဟန်းတော်များအား ဝမ်းပန်းတသာကြိုဆိုကြသည်။ ဝါတွင်းကာလတလျှောက်ဝေယျာ
ဝစ္စများ ပြုလုပ်ပေးကြသည်။ စောင့်ရှောက်ကြသည်။ ရဟန်းတော်များသည်လည်း ချမ်းသာ
အေးငြိမ်းစွာဖြင့် တရားအားထုတ်တော်မူနိုင်ကြတော့၏။ ရည်မှန်းတော်မူကြသည့်အတိုင်း
ဝါကျွတ်သည်နှင့် ရဟန်းကိစ္စပြီးပြည့်စုံကြ ပြီ ဖြစ်သော ရဟန္တာအရှင်မြတ်များဖြစ်တော်မူကြ
ကုန်သည်။
သို့ ဖြင့်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဟူ၍ သတ်မှတ်လာခဲ့ကြသည်။
ယင်းနေ့များ တွင် မေတ္တာပွါးများခြင်းကို အခန်းအနားအသွင်ဖြင့်
ဆင်ယင်ကျင်းပခဲ့ကြသည်။ ယခုခေတ်အခါ တွင် မေတ္တာဘာဝနာပွါးများခြင်းများကို
တစ်နှစ်တွင်တစ်လ တစ်လတွင်တစ်ရက်ထဲတွင်သာ
မဟုတ် ကြတော့ဘဲ အခါအားလျော်စွာပြုလုပ်လျက်ရှိကြသည်။ ကောင်းလှပါဘိ။ မေတ္တာ၏ သဘောမှာ မိမိအတွက်ကိုယ်ကျိုးမဖက် တစ်ပါးသူ၏အကျိုးကိုသာ
လိုလားစွာချမ်းသာစေလိုခြင်း သက်သက် ဖြစ်သည်မဟုတ်ပါလား။ တစ်ဦးချင်း
အနေနှင့်သော်မှ အချိန်မရွေး ပွါးများနိုင်သော
ကုသိုလ် အလုပ်ပါတကား။
Posted by အေးဆက်
Posted by အေးဆက်
မေတ္တာအကြောင်း
“မေတ္တာ”ဟူသော
အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။
အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။
ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍”ဟု ဆိုခဲ့သည်။ သို့ဖြစ်၍တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကိုမေတ္တာဟု မှတ်ပါ။

မေတ္တာအတု
ဆွေချစ်
မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များလည်း တစ်ယောက်အကျိုး
တစ်ယောက်ကလိုလားကြ၊ကူ ညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။
ထိုကဲ့သို့ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်”ဟုလည်း ပြောဆိုကြသည်။
သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ပြခဲ့သော “ဂေဟဿိတ ပေမ =အိမ်၌မှီသောအချစ်”တည်း။ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသောအခါမည်သူက စ၍ ပွားများရပါသနည်း”ဟု ဆရာ့အထံ လျှောက်လေရာ၊ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်”ဟု
မိန့်သဖြင့်
ညဥ့်အခါ
အိပ်ခန်းအပြင်ဘက်၌ ထိုင်၍ သူ၏ ဇနီးကို ရည်မှန်းလျက်မေတ္တာကမ္မဋ္ဌာန်း
စီးဖြန်းလေလျှင်
ဇနီးအပေါ်၌ ချစ်ခင်မူ တိုးလာရကားချက်ချင်းထ၍ ဇနီးအထံ သွားလေသည်။သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ၀င်ခွင့်မရသောကြောင့် နံရံကို ဦးခေါင်းဖြင့် ဝှေ့ကာမေတ္တာ၏ အကျိုးကို ခံစားနေရှာသတဲ့။ ထို့ကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ”ဟု မှတ်ရမည်။

နွားမကြီး၏ မေတ္တာ
ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့် အခါမျှမေတ္တာအစစ်ကုသိုလ်စိတ်မဖြစ်နိုင်”ဟု
မဆိုထိုက်ပါ။ မကြာမကြာမေတ္တာအစစ်ကုသိုလ်ဖြစ်သောအခါလည်း
ရှိနိုင်ပါသည်။ရှေးသောအခါမိခင်နွားမကြီးသည်
မေတ္တာအစစ်ဖြင့် သားငယ် နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ်မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့်
လှံမစူးဘဲထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့လျှင် ဆွေမျိုးဉာတိသားသမီး ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။

သာမာဝတီ၏ မေတ္တာ
ကောသမ္ဗီပြည်ဥတေနမင်းဝယ်
သာမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီဟု မိဖုရားကြီး၃-ယောက်ရှိသည်။ သာမာဝတီသည်
ရတနာသုံးပါးကို ကြည်ညို၏။မာဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစင်ဘ၀ကပင်
ဘုရားရှင်အပေါ်မှာရန်ငြိုးထားခဲ့သော ပုဏ္ဏေးမကလေးတည်း။ ထို့ကြောင့်
မာဂဏ္ဍီသည်သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။သာမာဝတီကား မေတ္တာတရား
အထူးပွားများနေသူဖြစ်သည်။
ဥတေနမင်းသည် မိဖုရား ၃-ယောက်တို့၏ အဆောင်ဝယ်တစ်လှည်စီစံစားကာ စောင်းတီး
ဝါသနာပါသောဘုရင်တစ်ဦးတည်း။အခါတစ်ပါး၌ သာမာဝတီ အထံ အဆောင်တော်ကူးရန်
နီးလေသော် မာဂဏ္ဍီသည်
သူ၏ ဘထွေးထံ အဆိပ်ပြင်းသောမြွေကိုမှာ၍ အဆိပ်ကို ဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။
ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့်
သာမာဝတီအဆောင် မကူးဖို့ရန် မိန်းမတို့ ပင်ကိုဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်ကဂရုမစိုက်ဘဲ သာမာဝတီ၏ အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။
အဆောင်တော်ရောက်၍ဆက်သသော ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်၌ လျောင်းသည့်အခါ
မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကား ရှူးခနဲထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့်ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင်ဘုရင်ကိုသူ့စကားကို
နားမထောင်သဖြင့် ယခုဖြစ်ရသည်ဟု အပြစ်တင်လေသည်။ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့်လွန်စွာ ထိန်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့မျက်စောင်း အကြောင်းမရွေး”
တော့ဘဲ ကိုင်နေကျ လေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင်
သူတော်စင် ထိပ်ထားလေးကသူ၏ မောင်းမမိဿံများကိုသြ၀ါဒ ပေးသည်မှာ---“အမိ တို့… မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ ယခုလိုအခါမျိုးမှာ မေတ္တာမှတစ်ပါး အားကိုးစရာ မရှိပေဘူး။
အမိတို့ ပွားများနေကျဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား၍

ပွားများကြပါ”ဤသို့
တိုက်တွန်းလေလျှင် ပင်ကို ယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက်
နီးကပ်သော
အသက်ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွားကြလေသည်။
ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ် ထားသော မြား ကို တအားကုန်လွှတ်လိုက်လေရာ
မေတ္တာတန်ခိုးကြောင့် မြှားအရှိနိ ရှေ့မတိုးဘဲ ပစ်သူ့အထံမြားပြန်၍ ခ,လေသော်

ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။
(၀တ္ထုမှတ်ချက်)
မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသောဣဿာစိတ်၊ ပရိယာယ်ဉာဏ်ဆင်ရသော မာယာစိတ်၊
သေစေလိုသော ဒေါသစိတ်များဖြစ်၏။ဥတေနမင်း၌ မြွေကို သေစေလိုသောဒေါသစိတများဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသော အခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။
မောင်း မအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ်
ထားနိုင်ပေသည်။
(နည်းယူဖွယ်)
ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများမှာလည်းသာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရားဣဿာမစ္ဆရိယများ သူများကိုပင် အတုံ့ပြန်၍ ရန်မမူမိစေဘဲ မိမိစိတ်ကိုသာကောင်းသည် ထက် ကောင်းအောင် ပြုပြင်ကြပါ။အကျိုးဆောင်ခွင့် ကြုံလာလျှင်အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။

(မေတ္တာသည် ရေနှင့်တူ၏။ ဒေါသမီးသည် မီးနှင့်တူ၏။ ရေများလေ မီးငြိမ်းလေ။
ထို့ကြောင် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။)
♣ မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
♣
အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ.....
No comments:
Post a Comment