ရတနာနုလုံးသား
ဂုဏ်တော်များကို ဖြန့်ကျက်ပွားများခြင်း
အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရားစိတ်အပူအညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအလောင်တွေကင်းစင်တဲ့အတွက် စိတ်အေးချမ်း၊ ရုပ်လည်းအေးချမ်းပါတယ်။
စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
စိတ်အညစ်အကြေးတွေကင်းစင်တဲ့အတွက် စိတ်ကြည်လင်၊ ရုပ်လည်းကြည်လင်ပါတယ်။
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
စိတ်အအရှုပ်အထွေးတွေကင်းစင်တဲ့အတွက် စိတ်ရွှင်လန်း၊ ရုပ်လည်ရွှင်လန်းပါတယ်။
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား
မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး။
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဉာဏ်တော်---
ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား




.jpg)
