Friday, May 2, 2014

ကင်ဆာအတွက် သင်္ဘောရွက်



  • လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။
  • “ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက 
  • ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရောဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
  • ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦးတစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက်ချက်ချ မပြော နိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ်ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာ ကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန်သွားရှာသည်။
  • ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော  ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။
  • ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံလင်လင် ရေးသားထား သည်ကို တွေ့ရသည်။ ဤတွင် ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာတင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက် အကြောင်းပြောကြားချက်ကို သတိရကာ အများပြည်သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်း မဟုတ်ပါ။ ဆေးဆရာလည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာရောဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။
  • ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန်တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင် ဘာသာအားဖြင့်     ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။
  • စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေးကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။
  • အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက်သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ  ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘောရွက်ကို ပြုတ်သောက် ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည် ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။
  • သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါ တွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက်ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။ R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာများ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။
  • ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။
  • အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတုနှင့် ဓါတ်ရောင်ခြည် ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင် တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။
  • တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အား ချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွားကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင် ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။
  • နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်းနေရသည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်း ကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘောရွက်သည် တုပ်ကွေးရောဂါ ဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် သူတော်ကောင်းအပေါင်းတို့ သင်္ဘောရွက်ကို မွှေစက်ထဲ သို့ထည့်ပြီးညှစ်၍ သုံးဆောင်ကြပါလေ။
  • ဒေါက်တာခင်ရွှေ
  • (တိရစ္ဆာန်ဆေးကုဆရာဝန်)
  • ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။ ကျွှန်တော်သည် ထိုအကြောင်း ကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကို စကားစပ်မိရင်း ပြောပြ သည်။ ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦးအား ပြောပြသည်။ သင်္ဘော ရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။ ဆရာတက္ကသိုလ်ဝင်းမွန်က “ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့ လည်ပင်းကြီး ရောဂါဟာသိသိသာသာ လျော့ကျသွားတယ်” ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော ရွက်စိမ်းကတော့ တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။
  • ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။ ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့်စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။ ကျွန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။ ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။ ရောဂါ ၊ဝေဒနာခံစားမှုမှ လျှော့ပါးနိုင်ကြပါစေ။
  • ကင်ဆာရောဂါနှင့် သင်္ဘောရွက်
  • (ဆရာကြီးမင်းယုဝေသည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလထုတ် မြတ်မင်္ဂလာ စာစောင်၊ စာမျက်နှာ ၅၉ တွင် ရေးသားခဲ့ပါသည်။)


  • ဆေးဝါသနာပါတဲ့သူတွေကိုမေး၊ ဆေးစာအုပ်တွေလိုက်ဖတ်၊ အင်တာနက်ထဲမှာလိုက်ရှာတဲ့အခါ သွေးကင်ဆာအတွက် ပေါ်ပြူလာအဖြစ်ဆုံးကတော့
  • ပျဉ်းတော်သိမ်ရွက်၊ မြင်းခွာရွက်နဲ့ ကြိတ်မှန်ရွက်တို့ပါပဲ။ ပျဉ်းတော်သိမ်ရွက်၊ မြင်းခွာရွက်နဲ့ ကြိတ်မှန်ရွက်အကြောင်းကို ဆေးစာအုပ်တွေနဲ့ အင်တာနက်မှာ လိုက်ရှာတော့ သွေးကင်ဆာကို သက်သာပျောက်ကင်းစေတယ်လို့ မတွေ့ရပေမယ့် သွေးသန့်စင်စေသည်။ သွေးသားကို ကြည်လင်စေသည်။ သွေးဖောက်ပြန်ခြင်းကို သက်သာပျောက်ကင်းစေသည် အစရှိသဖြင့် တွေ့ရတော့ အားတက်သွားပါတယ်။ မြင်းခွာရွက်နဲ့ကြိတ်မှန်ရွက်ဟာ ကျန်းမာရေးအတွက်ကောင်းမှန်း ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။အထူးသဖြင့် မြန်မာ့တိုင်းရင်းဆေးမှာ အရမ်းအသုံးများပါတယ်။ မြင်းခွာရွက်နဲ့ ကြိတ်မှန်ရွက် အကြောင်းရေးထားတဲ့ စာအုပ်တွေ ကျွန်တော့်မှာ အများကြီးရှိပါတယ်။ အခုအချိန်မှာ ပျဉ်းတော်သိမ်ရွက်ဟာလည်း သွေးကင်ဆာအတွက် လူပြောအများဆုံးဖြစ်နေပါတယ်။ ပျဉ်းတော်သိမ်ရွက်ဟာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်သုံးတဲ့အရွက်၊ ကုလားပဲဟင်းချက်ရင် ပျဉ်းတော်သိမ်ပါမှ စားကောင်းတာနော်။ ဟိန္ဒူတွေဆို အရမ်းအသုံးများတာပေါ့။ စားလို့ရတဲ့ဟင်းရွက်တွေ ဆိုတော့ side effect လည်း မရှိနိုင်ပါဘူး။ (အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ))


  • ဘုရားရှင်ပေးခဲ့သော ဆေးနည်း
  • စာရေးသူကျောင်းမှ ကျောင်းသားလေး၏ သွေးကင်ဆာရောဂါသည်လည်း ပျောက်ကင်းခဲ့၏။ စားရေးသူ၏ ကော့သောင်းမြို့မှ ရခဲ့သော ငှက်ဖျားသည်လည်း နွားကျင်ငယ်ရေနှင့်ကျမှ အမြစ်ပြတ်သွားခဲ့၏။ မြိတ်မြို့မှ စိန်မျှားဆေးပေါ့လိပ်ဖြန့်ချိရေး ကိုယ်စားလှယ် ဦးနေ၀င်း၏ သွေးပေါင်ကျရောဂါ၊ အခွန်ဦးစီးဌာနမှ ဗိုလ်ကြီးမျိုးသန့်၏ ဇနီးမသော်တာ၏ လေးဖက်နာရောဂါသည်လည်း နွားကျင်ငယ်ရေနှင့်မှ ပျောက်ကင်းကြ၏။
  • နွားကျင်ငယ်ရေဆေးဖော်နည်းမှာ - နွားထီးဖြစ်စေ၊ နွားမဖြစ်စေ နံနက်ခင်းပထမဆုံးပေါက်သော သေးကိုယူပါ။ ကောက်ရိုးအနည်းငယ်ထည့်ပြီး မီးနှင့်ကျိုပါ။ ဆယ်မိနစ်ခန့် ဆူအောင်တည်လျှင် လုံလောက်ပါပြီ။ ထို့နောက် ဖန်ခါးသီး၊ ဆီးဖြူသီး၊ သျှိုသျှားသီး သုံးမျိုးလုံးဖြစ်စေ၊ တစ်မျိုးတည်းဖြစ်စေ၊ ရရာကို ရေစင်အောင်ဆေးပြီး အသီးမှာပါသည့်ရေဓာတ် ခန်းခြောက်အောင်နေပြပါ။ ပြီးလျှင် စဥ့်အိုး(သို့မဟုတ် ဖန်ပုလင်း)ထဲသို့ အားလုံးကိုထည့်ပြီး လုံအောင်ပိတ်ထားပါ။ (အေး၍ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့နိုင်သောနေရာတွင်ထားပါ။) သုံးလခန့် ရှိလျှင် သုံးဆောင်နိုင်သော ဘုရားဆေး ဖြစ်ပါသည်။
  • မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် ၏ လူငယ်များအတွက် ဂမ္ဘီရ၀ိဿနာ (၅+၆) မှ ဖြစ်ပါသည်။

  • ၉၆ ပါးမကသော ရောဂါများအတွက် မြင်းခွာရွက်
  • မြန်မာဆေးကျမ်းများ အလိုအရ မြင်းခွာရွက် သည် အရသာ ခါး သက်သက် ရှိ၏ ၊စပ်ရှားရှား ရှိ၏ ၊ချို၏ ၊ ထက်မြက်၏ ၊ သလိပ်ကို ပယ်တတ်၏ ၊ အရေပြား ရောဂါ ၊ ယားနာ အဖုအပိမ့် များ ၊ အနာပေါက် ရောဂါ ၊ နူနာ တို့ကို ပျောက်ကင်း စေ၏။
  • အသုံးပြုပုံ-ပဉ္စငါးပါး
  • ၁ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် သွေးသားသန့်စင်၍ခွန်အား တိုးတက်စေ၏ ။
  • ၂ ။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌လိမ်းကျံပေးသော် ကလေးများ ချောင်းဆိုး ၊ အဆုတ်နာရောဂါပျောက် ၃ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖုအကျိတ်များပျောက်၏။
  • ၄ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်းပျောက်၏၊ ၀မ်းသက်၍ သလိပ်ကိုလည်းပျောက်၏။
  • ၅ ။ အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။
  • ၆ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက်ပြီး ရောင်ရမ်း ခြင်း၌ မြင်းခွာရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံပေးက ပျောက်ကင်း၏။
  • ၇ ။ သွေးဝမ်းသွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက်ခဲခြင်း၊ ဆီး၌သွေးပါခြင်းတို့အတွက် မြင်းခွာရွက်ဖျော်ရည်သောက်က ပျောက်၏
  • ၈ ။မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။
  • ၉။ မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
  • ၁၀။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။ သွေးသားစင်ကြယ်စေ၏။ သွေးဆိပ်ပြေစေ၏။
  • ၁၁ ။ မြင်းခွာရွက်အစိမ်းကို ကြိတ်၍ အ၀တ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်း စေ၏ ။
  • ၁၂ ။ မြင်းခွာရွက်ကို အရိပ်ထဲတွင် အခြောက်ခံပြီး အမှုန့်ကြိတ်၍ ပျားရည်နှင့် ဆတူစပ်ပြီး ညအိပ်ရာဝင်ချိန်တွင် လျက်သော် နှစ်ခြိုက်စွာ အိပ်ပျော်စေ၏ ။

No comments:

Post a Comment