Showing posts with label တိုင်းရင်းဆေး. Show all posts
Showing posts with label တိုင်းရင်းဆေး. Show all posts

Thursday, September 22, 2016

ဆီးဖြူသီးအစွမ်း အံ့မခန်း

ဆီးချို သွေးတိုး ဝေဒနာရှင်များအတွက်
ဇီးဖြူသီး ကပေးသော ကျန်းမာရေးရဲ့အာနိသင် ��
��������
��ဆီးဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။
��ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။
��ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။
��အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။
��ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ဗက်တီးရီးယားနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။
��သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင်ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေပါတယ်။
��ဗိုက်တာမင် C ကြွယ်ဝလို့ ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကို များစွာ ပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြောလျော့ အေးချမ်းစေပါတယ်။
��ဆံပင်ရဲ့ ကောင်းခြင်း၊ ဦးရေရဲ့ ကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း လှပချောမွတ်စေပါတယ်။
��ရောဂါဘယ မျိုးစုံကိုလည်း သက်သာပျောက်ကင်းအောင် စွမ်းဆောင်နိုင်သော အံ့ဖွယ် သဘာဝပေးတဲ့ လက်ဆောင်ကြီး ဖြစ်ပါတယ်။ ဆီးဖြူသီးကနေ ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။
��တိုင်းရင်းဆေးများနဲ့ တွဲဘက်ပြီး ဆေးဖော်ကြသလို အရန်ဟင်းအဖြစ် လည်းကောင်း ဆီဖြူသီးချိုချဉ်၊ ဆီဖြူသီးဖျော်ရည် ပြုလုပ်ပြီး စားသုံးကြပါတယ်။
������������
��သွားနှင့်ခံတွင်း
�� ဆီးဖြူသီးလေး တစ်လုံး ကောက်ဝါးလိုက်ရုံနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးများကို ကင်းစင်စေပြီး ခံတွင်း သန့်ရှင်းစေပါတယ်။
�� သွားဖုံး သွေးယိုတာလည်း ဗိုက်တာမင် C နဲ့ ကယ်စီယမ်ဓာတ်တို့ ပါဝင်တာမို့ ပျောက်ကင်းအောင် ကူညီပေးပါတယ်။
������������
��ကိုယ်ခံအားစနစ် နှင့် ကင်ဆာ
�� ဗိုက်တာမင် C အပြင် ကယ်စီယမ်၊ သံဓာတ်၊ ဖော့စ်ပါးရပ်နှင့် ကယ်ရိုတင်းဓာတ်တို့ ပါဝင်ခြင်း၊ Thiamine, riboflavin, niacin တို့ ပါဝင်ခြင်း၊ gallic acid လို ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိခြင်းတို့ကြောင့် ဆဲလ်များ ပုံမှန်မဟုတ်ပဲ ယိုယွင်းခြင်း၊ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်း စသည်တို့ကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
�� အာရုံကြောစနစ်ရဲ့ လုပ်ငန်းကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။ ဆီးဖြူသီး စားသုံးလေ့ ရှိသူကို ဗိုင်းရပ်နှင့် ဘက်တီးရီးယားပိုးတို့ အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ကိုယ်လက်စထရောကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။ ကိုယ်ခန္ဓာအတွက် အလွန်ပင် အရေးကြီးတဲ့ အသဲကိုလည်း အထောက်အကူပြုပါတယ်။ အဝလွန်ခြင်း မဖြစ်စေရန် ထိန်းချုပ်စေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ လွယ်ကူအောင် ပါဝင်ကူညီနိုင်ပါတယ်။
������������
��ဆံပင်နှင့် ဦးရေပြား ဗောက်ထခြင်း
�� အရွယ်မတိုင်မီ ဆံပင်ဖြူတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်သား မကောင်းတာ စသည့် ဆံပင်နှင့် ပတ်သက်သော အခက်အခဲများကို ဆီးဖြူသီးက အစွမ်းပြ ဖြေရှင်းပေးပါတယ်။ အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ထားတဲ့ ဆီဖြူသီးမှုန့်ခြောက်ကို ရေတစ်ညစိမ်၊ ပြီးရင် သံပယိုရည်ထည့်ပြီး (၅) မိနစ်၊ (၁၀) မိနစ်ခန့် ဦးရေပြားကို နှိပ်နှယ်ခေါင်းလျှော်ပြီး ရေဆေးပါ။ ဆံပင် အရောင်အသွေး လှပပျော့ပျောင်းကာ ကျန်းမာတဲ့ ဆံသားကို ရရှိလာမှာပါ။ ဗောက်ထခြင်း၊ သန်းရှိခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဆီးဖြူသီး ခေါင်းလျှော်ရည်နဲ့ ဆီးဖြူသီး ခေါင်းလိမ်းဆီဆိုပြီး ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ်ရင် အုန်းဆီ စစ်စစ်ကို ဆီးဖြူခြောက်မှုန့်နဲ့ ရောပြီး ကျိုပါ၊ ပြီးရင် အအေးခံပြီး လိမ်းနိုင်ပါတယ်။
��������
��မျက်လုံးနှင့် ပါးစပ်နာ
ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးရင် မျက်စိ ယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဆီးဖြူအမြစ်ခြောက်အမှုန့်နဲ့ ပျားရည်ရောပြီး သုံးရင် ခံတွင်းနာများ၊ ပူလောင်နာများ သက်သာစေပါတယ်။
������������
��ဓမ္မတာသွေးလွန်ခြင်း
ဓမ္မတာသွေးလွန်ခဲ့ရင် ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူသီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါက သက်သာစေပါတယ်။
������������
��ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း
ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ကုသရာမှာ အကူအညီအဖြစ် စပျစ်သီးခြောက်အရည်နှင့် ဆီးဖြူသီးအရည် တွဲသောက်ပါက အလွန်ကျေးဇူးများပါတယ်။ ကျောက်ကပ် ကျောက်တည်ရင် မုန်လာဥဖြူနဲ့ သကြားနဲ့ ဆီးဖြူရည်နဲ့ သောက်ပါက ပျောက်ကင်းစေပါတယ်။
������������
��ဆီးချိုရောဂါ
ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ သတ္တရှိပါတယ်။ အစေ့က ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးအရည် တစ်ဖန်ခွက်အတွင်း ဆီးဖြူသီးအရည် တစ်ဇွန်းရောပြီး နှစ်လလောက် ဆက်သောက်ပါက ဆီးချိုရောဂါ သက်သာစေပါတယ်။ မုန့်ချိုအိတ်ကိုလည်း လှုံ့ဆော်တဲ့အစွမ်း ရှိပါတယ်။
������������
��ဝမ်းပျက်ဝမ်းလျှောရောဂါ
ပိုးကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရင် ဆီးဖြူသီး အရည်ကို သကြားနဲနဲထည့်ပြီး သောက်ပါက သက်သာစေပါတယ်။
������������
��အစာအိမ်
ဆီဖြူသီးဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာချေဖျက်မှုနဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို ကောင်းမွန်သလို ပုံမှန်ဖြစ်လေ့ရှိတဲ့ အစာမကြေခြင်း၊ လေပူထခြင်း၊ အက်စစ်ဓာတ်များခြင်းတို့ကို သက်သာစေပါတယ်။
������������
��အထွေထွေ
♣ဆီးဖြူသီးဟာ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို ကာကွယ်နိုင်တယ်၊ သက်သာစေတယ်၊
♣မှတ်ဉာဏ်ကိုလည်း ကောင်းစေပါတယ်။
♣သွေးယိုစိမ့်ခြင်းကို သက်သာစေတယ်။
♣သွေးအန်ခြင်းဖြစ်ရင်လည်း သောက်နိုင်ပါတယ်။
♣ပျားရည်နဲ့ရောပြီး သောက်ပါက နာတာရှည် ချောင်းအခြာက်ဆိုးခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။
♠အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကိုလည်း သက်သာလျော့ပါးစေပါတယ်။
♠နှာခေါင်းသွေးယိုခြင်း၊ နှလုံးရောဂါများ၊ ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်တာမင် C ချို့တဲ့ရောဂါဖြစ်တဲ့ Scurvy (သွေးမတိတ်ခြင်း)၊ အမျိုးသမီးများ အဖြူဆင်းခြင်း၊ လေနာဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ သန်ထခြင်း၊ အဆစ်အမြစ်ရောင်ခြင်း စသည်များ လျော့ပါးသက်သာစေပါတယ်။
������������
�� ဒါကြောင့် ကိုယ်ခန္ဓာ၏ အထွေထွေ ကျန်းမာရေးကိုလည်း အထောက်အကူပြုပြီး စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတဲ့ ဆီးဖြူသီးကို နံနက်စောစောထပြီး ပျားရည်လေးနဲ့ ဆီးဖြူရည်လေးနဲ့ဖျော်ကာ နေ့စဉ် သောက်သုံးသွားပါက “အာရောဂျံ ပရမံလာဘံ” ဆိုတဲ့ စကားနဲ့အညီ ဆုလဒ်ကြီးဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းကို ရရှိနိုင်မှာပါ။

Credit to Myawady Health

Sunday, September 11, 2016

ဘီပိုးပျောက်၊ ဆီးကျောက်ကျ

တပတ်အတွင်း B ပိုး လုံးဝပျောက်စေမယ့် နည်းလမ်းကောင်း

တကယ် ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည်မျှဝေပေးလိုက် ရပါတယ်။ ငွေကြေး အမြောက်အများ မကုန်သည့်အတွက် အဆင်ပြေ
စေမှာ ဖြစ်ပါတယ် ။

ရောဂါကုထုံး

၁။ စပါးလင် လိုအပ်ပါတယ် ။

၂။ ၎င်းကို ရေစင်အောင် ဆေးကြောပါ ။

၃။ ပြုတ်လိုက်ပါ ။

၎။ ၎င်းပြုတ်ရည်ကို တစ်နေ့ကို သုံးကြိမ် သောက်ပေးပါ။

၅။ သောက်ရမည့် ခွက်ကတော့ လက်ဖက်ရည် သောက်ခွက် ဖြစ်ပါတယ် ။ တစ်ပတ်ကြာသည့် အခါတွင် B ပိုးပျောက်ကင်း သွားမည် ဖြစ်ပါတယ် ။

Credit - ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆီးကျောက်ကျတဲ့ဆေးကောင်းလည်းဒီနည်းအတိုင်းသောက်ရင်ကောင်းပါတယ် ဆားအနည်းငယ်ခတ်ပြီးတပတ်နှစ်ြိကိမ်လောက်ငုံပေးပါကသေတဲ့အထိသွားရောဂါမဖြစ်ဘူးသွားမကျိုးပါ
ပြူတ်သောက်လဲရတယ် စပါလင်ပင်ကိုလက်မနဲလက်ညိုးတကွင် တစည်းကိုရေစင်အောင်ဆေးပြီသောက်ရေအီုးထဲထည့်စိမ်သောက်နှစ်ရက်သုံးရက်သောက်ရင်ဆီးကျောက်ကျဆင်လာမယ်

အမျိုးသမီးတိုင်းဖတ်သင့်သော ကျန်းမာရေးအကြောင်း

အမျိုးသမီးတိုင်းဖတ်သင့်သော ကျန်းမာရေးအကြောင်း
-------

" တစ်သားမွေး တသွေးလှဆိုသောေ ရှးစကားကို မိန်းမတိုင်းပင်ကြားဖူးနားဝရှိကြသည်။ သို့ရာတွင် များသောအားဖြင့် သားမွေးပြီး ရုပ်ကျ ရုပ်ပျက်သွားသည်သာ များပြားကြသဖြင့် တစ်သားမွေး တသွေးလှဆိုသော ရှေးစကားမှာ အဓိပ္ပါယ်ကင်းမဲ့သလို ဖြစ်နေသည်။

တစ်သားမွေး တသွေးလှ ဆိုသော ရှေးစကားဟုတ်မှန်ကြောင်းကို ယခုခေတ် မျက်နှာမြင် သားဖွားနေကြသော မွေးနည်းဖွားနည်းမျိုးဖြင့် ကိုက်ညီနိုင်ရန် ခဲယဉ်းသလို ရှေးက မွေးနည်းဖွားနည်းမျိုး မှသာ ရှေးစကားဟုတ်မှန်ကြောင်းကိုက်ညီနိုင်စရာရှိသည်။ " တဲ့ ဂျာနယ်ကျော်မမလေးရဲ့ မြန်မာဆေးပညာဆိုတဲ့ ဆောင်းပါးများထဲမှ ယောကျာင်္းဖောင်စီး မိန်းမ မီးနေ ဆိုတဲ့ ဆောင်းပါးမှာ ရေးထားပါတယ် ။

လူမျိုး တမျိုးမှာ ဓလေ့ထုံးတမ်းက အသီးသီး ရှိကြတာ ဆိုတော့ အင်္ဂလိမွေးဖွားနည်း ၊ ကုလားမွေးဖွားနည်း ၊ တရုတ် မွေးဖွားနည်း ၊ မြန်မာ မွေးဖွားနည်း ရယ်လို့ ကိုယ့်ဓလေ့ထုံးစံနဲ့ ကိုယ် မွေးဖွားရာဒေသ ရေ မြေ ရာသီဥတုကို လိုက်ပြီး ကွဲပြားခြားနားကြတာမျိုး မဟုတ်လား။
အေးတဲ့ တိုင်းပြည်က မိန်းမတွေနဲ့ ပူတဲ့ ဒေသက မိန်းမတွေ သွေးသားချင်းမတူညီဘူးလေ ။
အေးတဲ့ အရပ်မှာ သွေးခဲနေတော့ သွေးများများဆင်းရင် စိုးရိမ်ရပေမဲ့ ပူတဲ့ အရပ်မှာ ကျတော့ သွေးများများ ဆင်းပါမှ ကျန်းမာတာဆိုတော့ မီးနေသည် သတင်းမေးရင် သွေးများများဆင်းရဲ့ လားလို့ မေးကြတဲ့ ထုံးစံရှိတာပါ။

ယခုခေတ်ဖွားနည်းနဲ့ မတူတဲ့ ရှေးနည်းက ရှေးတုန်းက ကိုယ်ဝန်ဆောင်သည်က လနုနု ကတည်းက လက်သည်ဝမ်းဆွဲကို ဗိုက်အပ်ကြရတာဆိုတော့ အတွေ့အကြုံရှိသူဝမ်းဆွဲကို လူကြီးတွေက ရှာဖွေပြိး အပ်ထား လနုစဉ်ကတည်းက ဝမ်းဆွဲက ဝမ်းဗိုက် မတင်းအောင် ပေါင်မှ အကြောအခြင်တွေလျော့ပေး ကလေးကို အနေအထားကောင်းအောင် ပြုပြင်ပေးနဲ့ လရင့်လာရင် မီးတွင်းထဲ သောက်မဲ့ နနွင်းကို ကိုယ်တိုင် ထောင်း လှုံမဲ့ မီးအတွက် ထင်းတွေစုနဲ့ ပြင်ဆင်ကြတယ် ။
ပြီးတော့ ရှေးက ဝမ်းဆွဲတွေက မီးမဖွားနိုင်လို့ အခက်ကြုံနေရင် ပေါက်ပန်းဖြူ ၇ ရွက်ကို ဘယ်ဘက်လက် နဲ့ ဆုပ်ကိုင်ခိုင်းတာတို့ ဗိုက်နာနေချိန်မှာ ဆီမီးတောက်ဥနဲ့ ဗိုက်ကို ညာရစ် ၉ ရစ် ရစ်ပေး ကာ မွေးဖွားပြီး လက်ဖြင့် ဘယ်ရစ် ၉ ရစ် ပြန်ဖျက်ပေးတာမျိုးလည်း မြန်မာဓါတ်ပညာသဘောကို တတ်သိနားလည်ကြသေးတယ် ။ ခုခေတ် ဓါတ်ပညာကို မလေ့လာဖူးသူ အနောက်တိုင်းပညာမှ ပညာထင်သူတချို့ ကတော့ ဘာတွေပါလိမ့် လို့ ထင်မှာပေါ့လေ ။

အရင်ခေတ်က မီးတွင်းမှာ ထင်းကောင်းကောင်းနဲ့ မီးလှုံ တာ ခေါင်းကို သေချာ အကျအနပေါင်းပြီး နနွင်းလိမ်းတာ ချွေးထုတ်တာတွေ အသေအချာလုပ်ခဲ့ကြလို့ လည်း ထုံတာ ကျင်တာ ကိုက်ခဲတာ ခေါင်းကိုက်တာ မဖြစ်ကြဘူး။
ခုခေတ်ကျတော့လည်း အတွေ့အကြုံတကယ်ရှိတတ်သိနားလည်တဲ့ ဝမ်းဆွဲတွေကလည်း မရှိသလောက်ရှားပြီးရှာရခက်တဲ့ အပြင် အားလုံးလိုလို က ဆေးရုံမှာ မွေးကြတာ များတော့ ရှေးနည်းလို အတိအကျလိုက်လုပ်ဖို့ ကတော့ သိပ်မလွယ်ဘူးပေါ့ ။ တကယ်တော့ မီးနေသည်အတွက် အရေးကြီးတာ မွေးပြီး ပထမ ၇ ရက်ပါ။ သွေးသားက နုသွားတဲ့ အတွက် ဒီ ၇ ရက်အတွင်းမှာ ပြုပြင်နိုင်ပါမှ သွေးပုပ် ချွေးပုပ်စင်ပြီး တစ်သားမွေး တသွေးလှ ဆိုတာ ဖြစ်တာပါ ။

သဘောတရားအရ နွားသားအစိုကို နနွင်းလူးပြီး မီးကင်လိုက်ရင်အရည်တွေကျပြီး ခြောက်မာ သွားသလို သွေးနုသားနုမှာ နနွင်းလိမ်း မီးကင် ချွေးအောင်းလိုက်ရင် အသားကကျစ်လစ် ရင့်မာလာတာ ကလေးတယောက် ၁၀ လတာ နေခဲ့တဲ့ သားအိမ်က အကျက်မြန်ပြီး ဝမ်းဗိုက်ချပ်တာ လေမကျန်တာ စတဲ့ အကျိုးတွေ ရပါတယ်။

ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ဆေးရုံက ၅ ရက် ၆ ရက်မှ ဆင်းတာ ဆိုတော့ ကိုယ့်အိမ်ပြန်ရောက်လို့ မီးနေချင်ရင်တောင်အချိန်က လွန်နေတော့တာပေါ့ ။ အဲဒီနေရာမှာ ရိုးရိုးမွေးသူတွေက သာပါတယ် ။ ခွဲမွေးတာ မဟုတ်ပဲ သဘာဝအတိုင်းမွေးတာဆိုရင် ဆေးရုံမှာ ရက်သိပ်မကြာပါဘူး ၃ ရက်လောက်ဆို ဆင်းရတဲ့ အချိန်မှာ အိမ်ရောက်တာနဲ့ နနွင်းလိမ်း ချွေးအောင်းလုပ်လိုက်နိုင်ရင် အင်မတန်အကျိုးများပါတယ် ။ ဒါကြောင့် ပြသနာကြီးကြီးမားမား မရှိရင် ခွဲမွေးမဲ့ အစား တတ်နိုင်သရွေ့ ရိုးရိုး မွေးကြပါလို့ တိုက်တွန်းချင်ပါတယ် ။ ရိုးရိုးမွေးတာက မအိုသေးတဲ့ သူ အပျိုလေးနဲ့ တူအောင်လည်း ပြုပြင်လို့ ရပါတယ် ။

တချို့က နာမှာကျင်မှာ ကြောက်ဆရာဝန်တွေကလည်း စောင့်မနေနိုင်တော့ ခွဲမွေးတာကို အားပေးကြတာ တကယ်တော့ မကောင်းပါဘူး။ ကျွန်မတော့ ခွဲမွေးမိတာကို နောင်တ တော်တော်ရပါတယ် ။ တကယ်တာ့ သဘာဝတရားက လူသားတွေအတွက် ပြည့်စုံပြီးသားပါ။
ပထမကလေးမှာကတည်း က ခွဲမွေးတာ မှားပြီ လို့ သိပြီး ဒုတိယကလေးကို ရိုးရိုးမွေးဖို့ ကြိုးစားပေမဲ့ ပထမကလေးကို ခွဲမွေးခဲ့တာကြောင့် old scar က ကွဲထွက်မှာ စိုးလို့ ခွဲမွေးလိုက်ရပါတယ် ။

ကိုယ်တိုင်အတွေ့အကြုံအရတော့ ခွဲမွေးတာ ထုံဆေးပေးလို့ ကျောရိုးမှာ ဆေးထိုးတဲ့ အတွက် သမီးကို မွေးပြီးတော့ အကြာကြီးမချီနိုင်ပါဘူး ။ ကျောရိုးထဲက နာလာရင် မနေနိုင် မထိုင်နိုင် ဖြစ်လွန်းလို့ ကြမ်းအမာပေါ် ပက်လက် လှဲချရတဲ့ အထိပါပဲ။ ဗိုက်ထဲမှာ လေကျန်တဲ့ အတွက် ဗိုက်ကလည်း ပူလာပါတယ် ။ လေ့ကျင့်ခန်းများလုပ်ရင် လေတွေ ပလုတ်ပလုတ် နဲ့ အသံထွက်တယ် ။
ခွဲမွေးတဲ့ သူတွေ ၉၅% လောက် ဗိုက်စူလာကြပါတယ် ။ ရိုးရိုးမွေးတဲ့ မိခင်တွေလောက် ပြန်ကျတာ မမြန်ပါဘူး ။ ဒီကြားထဲ အစားပါ မထိန်းရင် တစ်ယောက်မွေး တစ်ခါ ဝ ပါပဲ။

တစ်သားမွေး တသွေးလှ မလာပဲ တစ်သားမွေး တခေါက်ဝရင်း ဗိုက်ပူခါးတုတ် ရုပ်ဆိုးကြီးတွေဖြစ်လာကြတာ ထုံးစံအတိုင်း မီးမနေလို့ ဖြစ်ရတာ ဆို မမှားဘူး။
တောဘက်ကို ရောက်တော့ တောက အမျိုးသမီးတွေ ဗိုက်ပူကြီးတွေ ပွစိစိနဲ့ ဝနေတာတွေ တွေ့ရခဲတယ် ။ အထူးသဖြင့် ခေတ်သိပ်မမှီတဲ့ ရှေးကျတဲ့ ရွာတွေမှာ ရှေးနည်း မပစ်ပယ်တဲ့ အမျိုးသမီးတွေ ရှမ်းရော ဗမာရော ရွာတွေရောက်ခဲ့သမျှ ဝ တာ မတွေ့ ။

တကယ်တော့ သွေးနုတဲ့ ၇ ရက်မှာ မီးနေခြင်းအမှု့ကို သေချာပြုနိုင်ရင် သွေးသားဟာ ရင့်မာလာတဲ့ အတွက် ရေကိုင်တာ ဆပ်ပြာ ကိုင်တာ ဘာညာတွေမှာ ထုံတာ ကျင်တာ သိပ်မဖြစ်တော့ပါဘူး ။
ဒီခေတ်မှာ အကူတွေဘာတွေမရှိပဲ ကိုယ့်အားကိုယ်ကိုးကြရတော့ သွေးသားရင့်မာလာအောင် ပြုပြင်ပြီးမှ ရေကိုင်တာ ကလေးဝေယျာဝစ္စလုပ်တာ လုပ်သင့်ပါတယ် ။
ကိုယ်ဝန်ဆောင် မိခင်များကို နံပါတ်၁ တိုက်တွန်းလိုတာက ပြဿနာမရှိရင် ခွဲမမွေးပဲ ရိုးရိုးမွေးပါ။

တကယ်လို့ ဆေးရုံမှာ မွေးခဲ့ရင်လည်း ပန်ကာအောက် လေအေးပေးစက်အောက် တိုက်ရိုက်လေ ထိမဲ့ နေရာ ရှောင်ပါ။ တတ်နိုင်သမျှ လေမထိအောင်နေပါ။
ကိုယ်ဝန်လရင့်လာတာနဲ့ မမွေးခင်ကတည်းက နနွင်းစစ်စစ်ကို ပျားရည် နဲ့ ဆားနဲ့ သမပြီး လုံးပြီးနေပြထားပါ။ နနွင်းလုံးက အနောက်တိုင်းဆေးနဲ့ လည်း ရောစားလို့ ရပြီး အန္တယ်ရယ် လည်း မရှိပါဘူး။
နနွင်းစားခြင်းဖြင့် သားအိမ်အကျက်မြန်တယ်။
ဗိုက်ထဲမှာ နွေးနေစေတဲ့ အတွက် လေ မကျန်ဘူး။ အနာကျက်မြန်တယ် ။ ချွေးစို့ စေတဲ့ အတွက် မိခင်အတွက် သိပ်ကောင်းပါတယ် ။ တခုရှိတာ က နနွင်းသောက်ရင် ဝမ်းချုပ်တတ်ပါတယ်။ ဒါကြောင့် ရေနွေး များများ သောက်ပေး ဟင်းခါးသောက်တဲ့ အခါ အငန် အနည်းငယ် ကဲပြီး ရေမကြာခဏသောက်ဖြစ်အောင် စီမံပါ။
ဆေးရုံကဆင်း အိမ်ရောက်တာနဲ့ နနွင်းကို ဖျော်ပြီး တကိုယ်လုံးလိမ်း ချွေးထုတ်ပါ။

အိပ်ယာခင်းအဟောင်း အဝတ်အဟောင်းတွေ သုံးရင် ညစ်ပတ်တာ သိပ်ပြဿနာမရှိပါဘူး။ ချွေးထုတ်တာက သိပ်မခက်ပါဘူ။ နနွင်းလိမ်းပြီး ခြောက်လာရင် ပိတ်ခြင်ထောင်ထောင် ဒါမှမဟုတ်ရင် ဖျာလိပ်ကြီးကြီးကို ခွေလိုက်ပြီး စောင်အုပ် ရေနွေးပွက်ပွက်ဆူအိုးကို ပိတ်ခြင်ထောင်/ ဖျာလိပ် ထဲ ထားရင်မကြာမှီ တကိုယ်လုံးချွေးထွက်လာတာပါပဲ ။ စိုတဲ့ ချွေးကို ခြောက်အောင်သုတ်ပြီး ဖလန်နယ်လက်ရှည်လေးနဲ့ လုံချည်ကို လုံလုံခြုံခြုံလေး ဝတ်ထားလိုက်ရင် ပေါ့ပါးပြီးနေကောင်းပါတယ်။ အဲလို ၇ ရက်လောက် လုပ်လိုက်နိုင်ရင် အတော်အဆင်ပြေပါတယ်။

အဲလို ချွေးထုတ်ရင်း အုတ်တလုံးကို ပူအောင် မီးပြ အဝတ်သန့်သန့်နဲ့ ပတ်ပြီး မိန်းမကိုယ်ချုပ်ရိုးပေါ်ကို ဖိထိုင်ပေးနိုင်ရင် အနာကျက်မြန်ပြီး အပျိုလေးနဲ့ တူအောင် ပြုပြင်လို့ ရပါသတဲ့။ တိုင်းရင်းသား တချို့ ရဲ့ ရိုးရာမှာတော့ သူတို့ ရဲ့ အိမ်မှာ အိမ်ခန်းအသေးလေးကို မီးနေခန်းအဖြစ် ရွေး ပြီး မီးနေသည်က နေရပါတယ် ။ အဲဒီအခန်းရဲ့ အလည်မှာ မီးဖို ဖိုထားပြီး မီးလှုံရင်း မီးဖိုပေါ်ရေနွေးအိုးတည်ထား ပြီး သောက်ကြတယ်။ ကျောက်တုံး ကို မီးဖုတ်ပြီး ကိုယ်တိုင်ယက်ထားတဲ့ ဂျပ်ခုပ်စောင်ထူထူနဲ့ ပတ်လို့ ကြပ်ထုပ်ထိုးရင် မွေးဖွားစဉ်က နာကျင်တာ အကုန်ပျောက်ရတယ်တဲ့ ။ ဒီနည်းအတိုင်း ကလေး ၁၃ ယောက်လောက်မွေးပြီး ကျန်းမာနေတဲ့ တောင်ပေါ်သူ အမျိုးသမီးကြီးကို တွေ့ခဲ့ဖူးပါတယ်။

ခွဲမွေးတာဆိုရင်တော့ ဆေးရုံပေါ် ၃ ရက် မက နေရတတ်ပါတယ်။ နောက်ပြိး ခွဲထားတဲ့ ချုပ်ရိုးကလည်း ရှိတော့ ဆရာဝန်တွေက ပိုးဝင်မှာ စိုးတယ် ဆိုတဲ့ ကိစ္စတွေရှိတာမို့ နနွင်းလိမ်းဖို့ ကတော့ အိမ်ရောက်မှာ ကိုယ့် နပ်စ့်နဲ့ တိုင်ပင်ပေါ့လေ ။ ခွဲမွေးတဲ့ သူတွေ ဗိုက်ကိုတော့ ကြပ်ကြပ်စည်းပေးဖို့ လိုပါမယ်။ ဒါမှ အဆီပြင်က မလှုပ်လို့ ခွဲထားတဲ့ နေရာကလည်း မနာ ဗိုက်လည်း ပြန်ချပ် ပါတယ်။ ကိုယ့်အတွေ့အကြုံကတော့ ၅ ရက်မြောက်လို့ ဆေးရုံကဆင်းတော့ မှ အိမ်မှာ ရှမ်းထုံးစံ ဆူး ၇ မျိုး ပြုတ်ရည် ဆေးရွက်ပြုတ်ရည်ပူပူ နဲ့ ရေချိုးပြီး သူနာပြု ဆရာမက ဗိုက်ကို ကြပ်ကြပ်စည်းပေးပါတယ် ။ ကံကောင်းတာက ရှမ်းဆရာမ နဲ့ ဆုံလို့ သူကိုယ်တိုင် ကိုယ်ဖိ ရင်ဖိ ရှမ်းလို သေချာ ပြုစုပေးပါတယ်။ အနှီး တထည်ထဲမှာ ဆား ၃၀ သားလောက်ထည့် ကြပ်ကြပ်ကလေးထုတ် ပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးရဲ့ အငွေ့နဲ့ အပူပေးပြီး ဆားကြပ်ထုတ် ထိုးပေးပါတယ်။ မျက်နှာက အသားတွေ ကိုယ်ဝန်ဆောင်နေစဉ် ပွလာတဲ့ အသားတွေက ကြပ်ထုတ်ထိုးတော့ မပွပဲ သိပ်သွားပါတယ်။ ကိုယ်လည်း နာတာ ကျင်တာ သိပ်မရှိပါဘူး။ ဒါတောင်သိပ်ပူလွန်းတော့ အကျီ င်္လက်ရှည်ကို ချွတ်ပြီး လက်တိုနဲ့ နေခဲ့မိတဲ့ အကျိုးကတော့ အခုဆို လက်တွေ ကိုက်တာ ပါပဲ ။
ဒီစာရိုက်ရင်းတောင် လက်ချောင်းတွေကိုက်တာ ကို ခံစားနေရပါတယ်။

ပထမကလေး မွေးစဉ်က ချွေးမအောင်းခဲ့ ရဘူး ဆေးပြုတ်ရေ ( အရင်က ရှမ်းပြည်မှာ အရွက်တွေ အမြစ်တွေ စုပြီး နှီးကလေးနဲ့ ချည်ပြီးရောင်းတာ ရှိတယ် ခုတော့ ရောင်းသေးလားမသိ) အမေ လွိုင်ကော်က ယူလာတဲ့ ဆေးရွက်ဆေးမြစ်တွေ ပြုတ်ပြီး တကယ်ဆို ချွေးအောင်ရမှာကို ဈေးဆစ်ပြီး ပြုတ်ရည်သာ ချိုးခဲ့တယ်။ ဆားကြပ်ထုပ်ထိုးတယ်။ ယောက္ခမက တရုတ်နည်းဖြစ်တဲ့ ဂျင်းကို နှမ်းဆီနဲ့ ကြော်ကျွေးတာ စားရတယ်။ တခါစားရင် ၅၀ သားလောက်ရှိတဲ့ အိမ်ကြက် တကောင်ကို ဂျင်း ၂၀ သားလောက်နဲ့ နှမ်းဆီ နဲ့ အရက်နဲ့ ကြော်ချက် ချက်ထားတဲ့ ကြက်ကို ၁ လပြည့်အောင် အမုန်းစားခဲ့ရတယ်။ ၁ လအတွင်း ဂျင်း ၇ ပိဿလောက် ရှိမလားမသိဘူး စားခဲ့ရတာ ။ အဲဒီတုန်းက သမီးလေး လသားအရွယ် ချီပြီး ရိုက်တဲ့ ပုံမှာ အသားအရည် က လှနေသေးတယ်။

ပထမကလေးမှာ ယောက္ခမ က ကိုယ်တိုင်လာပြုစုတော့ သူ့ကို အားနာတာရော မလွန်ဆန်ရဲတာရော နဲ့ အသေအချာ စားသောက်ဖြစ်တယ် ။

ဒုတိယကလေးကတော့ ကိုယ်ဝန် ၄ လ အရမှာ ပျက်သွားခဲ့တာ လူကြီးတွေလည်း အနားမှာ မရှိ ။ ကိုယ်တိုင်ကလည်း နားမလည်တော့ ဆေးရုံက ပြန်ရောက်တာနဲ့ ရေချိုး လိုက်တာ အသားတွေ ဗြုတ်ထ ပွစိပြီး ရုပ်ဆိုးသွားတာပါပဲ။ အဲဒီကစလို့ ထွက်လိုက်တဲ့ ဝက်ခြံ ဆိုတာ အတောမသတ်။ အဲဒီဝက်ခြံ ပြန်ကုရတဲ့ အကြောင်းတော့ရေးပြီးသားမို့ မပြောတော့ပါဘူး။

တတိယကလေးဖြစ်တဲ့ သမီးလေးကို မွေးတဲ့ အချိန်မှာတော့ မမျှော်လင့်ပဲ သမီးက ရေမွှာမွန်းလို့ ဆေးရုံမှာ ကြာသွားပါတယ်။ အဲဒီတုန်းက အလုပ်လုပ်နေပြီမို့ အလုပ်ကတဖက် မို့ အသေအချာ မနားပဲ လောဘနဲ့ အလုပ်ကို ဂရုစိုက်ရမယ်ဆိုတဲ့ အသိပဲ ရှိပြီး တစ်လမပြည့်ခင် ဗိုက်စည်း ကြပ်ကြပ်စည်းလို့ စက်ရုံကို သွားမြဲ သွားနေခဲ့ပါတယ်။ ချွေးလည်း မထုတ် ဆေးပြုတ်ရေ နဲ့ တောင် ရေ မချိုးခဲ့မိတော့ အခု ခံနေရတာပါ။
ခေါင်းကိုက် ဇက်ထိုး နဲ့ လူလည်း အတော် ဝ သွားပါတယ်။

ဒါတွေက အတွေ့အကြုံပါ ။
ဆောင်ရန် ရှောင်ရန် ပြောရရင်တော့

- ကိုယ်ဝန်လနုစဉ်ကတည်းက အတွေ့အကြုံရင့် သားဖွားဆရာမဖြစ်စေ ယုံကြည်စိတ်ချရတဲ့ အရပ်လက်သည် ကို စုံစမ်းပြီး အိုဂျီ ဆီမှာလည်းဗိုက်အပ် ဒါပေမဲ့ ပေါင်ကြော လျော့တာ တို့ ဘာတို့ နားလည်တတ်ကျွမ်းသူနဲ့ အပြုစုခံတာလည်း မမှားပါဘူး။

- နနွင်းစစ်စစ်ကို ပျားရည်နဲ့ ဆားလေးအနည်းငယ်ထည့်ပြီး လုံးပြီးနေလှမ်းထားပါ။
( ဒီနေရာမှာ နေ လ ပညာမှာတော့ လ သမားတွေကတော့ နနွင်းက သောက်ဖို့ မတည့် လို့ ရင်းပြားကို သောက်ရပါတယ် နနွင်းကတော့ လိမ်းဖို့ သာ သင့်တော်ပါတယ်။

နေ သမားတွေကတော့ နနွင်းကို လိမ်းဖို့ မတည့်ချွေးထုတ်ခါနီး နံ့သာဖြူ စစ်စစ်ကိုသွေး လိမ်းရင် ကောင်းပါတယ် ။ နနွင်းကို တော့ နေသမားများက သောက်ရမှာပါ။ အမှုန့် အရည်ဖျော်သောက်တာက အဝင်ဆိုးတော့ ခပ်များများလေးသာ ပျားရည်နဲ့ လုံးထားပါ။ နနွင်းလုံးပြီးသားလည်း ရောင်းတာ တွေ့ပါတယ်။ )

တရုတ်တွေကတော့ မီးဖွားပြီး ခွဲခန်းထဲက ထွက်လာတာနဲ့ ခပ်နွေးနွေးလေး အပူပေးထားတဲ့ နှမ်းဆီကို လက်ဖက်ရည်ပန်းကန်လုံးလေးနဲ့ သောက်တာ တွေ့ဖူးပါတယ် လေ တွေထွက်ပြီး ဝမ်းတွင်းနွေးစေပါတယ်တဲ့။

- နေ သမားတွေက ရေနွေးပူထဲမှာ လေးညှင်းပွင့်လေးထည့်ပြုတ်ထန်းလျှက်ကလေး ထည့်ကြေအောင် ဖျော်ပြီး ကော်ဖီသောက်သလို သောက်ရင် အစာကြေတယ် လေသက်တယ် နေကောင်းပါတယ် ။

-လ သမားများကတော့ ဂျင်းပြုတ်ရည်ကို ပျားရည်နဲ့ ဆားလေးခပ်သောက်တာ ကောင်းပါတယ်။

- ရှုဖို့က နေသမားများက ဇာတ္တိဖိုလ်သီး နဲ့ ငြုတ်ကောင်းလှော်လေးကို ကွဲရုံလေးထောင်းပြီး အဝတ်ကလေးနဲ့ ထုတ်ပြီး ရှုပေါ့
လသမားကတော့ စမုံနက် က အကောင်းဆုံးပါပဲ

- အဓိကက မီးနေသည်ဟာ နွေးနွေးထွေးထွေးနေပြီး ချွေးလေးတစိုစိုဖြစ်နေဖို့ပါပဲ။ ဒီခေတ်မှာ မီးကပ်မီးဖို နေဖို့ မလွယ်ပေမဲ့ တခြားနည်းတွေရှိပါတယ် ။ အကျီ င်္ထူထူထဲထဲလေးဝတ်ပြီး ရေနွေးအိတ်လေး ၂ လုံး ၃ လုံးလောက်နဲ့ နွေးနွေးထွေးထွေးနေပါ။ အပူကို သည်းခံပါလို့တောင်းပန်ချင်ပါတယ်။ ခြေတွေလက်တွေ နွေးအောင်ထားပါ။
မလုပ်မဖြစ် ရေ ကိုင်ရရင် ကိုင်ပြီးတာနဲ့ ရေနွေအိတ်လေးနဲ့ ပြန်ကပ်ပြီး နွေးအောင်လုပ်ပါ။ ခုဆိုလျှပ်စစ်နဲ့ ပလပ်ထိုးပြီး ခုချက်ချင်းပူအောင် လုပ်လို့ ရတဲ့ ရေနွေးအိတ်တွေ တရုတ်ကလာတာ ရောင်းနေတာ အလွယ်တကူဝယ်နိုင်ပါတယ်။

- ရေ အေးတွေ အချိုရည်တွေရှောင်ပြီး တတ်နိုင်သမျှ ရေ နွေးပူကို မှုတ်သောက်ပါ။

- မျက်နှာမှာ မိတ်ကပ်လိမ်းတာ ပေါင်ဒါရိုက်တာ တတ်နိုင်သမျှရှောင်ပြီး နေသမားက သနပ်ခါး (သို့) နံ့သာဖြူ ၊ လသမားက တောင်တန်ကတိုးသာ လိမ်းသင့်ပါတယ်။ လသမားတွေ နနွင်းမလိမ်းနိုင်ရင် တောင်တန်ကတိုး သွေးပြီး လိမ်းပေးပါ။ မွှေးလည်း မွှေးပါတယ်။

* -ဂျာနယ်ကျော်မမလေး ရဲ့ မြန်မာ့ဆေးပညာ
- ဆရာကြီး ဦးသာတင့် ပုဂ္ဂလ ပညတ်
- ကြီးကြီး ဒေါ်သင်းကြည်၏ ဖုန်းနှင့်ပြောပြချက် တို့ဖြင့် ကိုယ်ကြုံရတာ မျှဝေပါတယ်။
ခေတ်အလို အရ ရှေးမြန်မာ ဝမ်းဆွဲက ရှားပါးလှတယ်ဆိုတော့ သားဖွားမီးယပ်ဆရာဝန်များနဲ့ မီးဖွားသော်လည်း ကိုယ့်ဓလေ့က ကိုယ်နဲ့ အသင့်တော်ဆုံးမို့ ဥာဏ်ရှိသလိုသာ စောင့်ရှောက်ပါလေ။

Credit to Sukhita Chaw