Showing posts with label သြ၀ါဒ. Show all posts
Showing posts with label သြ၀ါဒ. Show all posts

Thursday, May 15, 2014

ပါချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာဘိဝံသ သြဝါဒများ





ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာ ဘိဝံသ တရားတော်များ




ဘ၀ ရိက္ခာ
ဘ၀ရိက္ခာဆိုတာ ကုသိုလ်ပဲဖြစ်တယ်
ဒါနကောင်းမှုလုပ်တယ် သီလစောင့်တည်တယ် သမ္မထ ၀ိပဿနာ ဘာဝနာ ကမ္မဌာန်းကို အားထုတ်တယ်ဆိုတာ ရိက္ခာစုဆောင်းခြင်းပဲဖြစ်တယ်
ကိုယ်သွားတဲ့ ဘ၀မှာ ဒါနကောင်းမှုလုပ်သွားလို့ ဒါနကုသိုလ်ဆိုတဲ့ ရိက္ခာပါလို့ရှိရင် ဘ၀ရောက်ရောက် စားရာမဲ့သောက်ရာမဲ့နဲ့
ဆင်းဆင်းရဲရဲ နေရတဲ့ ဘ၀မျိုးမဖြစ်ဘူး အိုတာတော့အိုမယ် သေတာတော့သေမယ် မအိုမနာမသေခင်မှာ ချမ်းသာသုခတွေ ရနိုင်သေးတယ်
ဘ၀ခရီးမှာ အခက်အခဲတွေသက်သာသွားမယ်
http://www.drnandamalabhivamsa.com.mm/audio/1270


ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ
တနေ့တာမှာ ငါ့တွေးတာဟာ အပြစ်မကင်းတဲ့ အကုသိုလ်ကံတွေ တွေးတာရှိသလား
ပြောနေတဲ့စကားတွေဟာ အကုသိုလ်ကံတွေ ပါနေသလား
လုပ်နေတဲ့ အလုပ်တွေရော အကုသိုလ်ကံတွေဖြစ်နေသလား
ကိုယ်တိုင်ဆန်းစစ်ကြည့်ပြီး ကိုယ်တိုင်ပြုပြင်ရမယ်လို့ မြတ်စွာဘုရားကဟောကြားတော်မူတယ်...

https://www.youtube.com/watch?v=UoFJohPLV7Y&feature=youtu.be

လူစိတ်ကင်းမဲ့တဲ့ လူ

လူ့စိတ်ဆိုတာ အင်မတန်မှ မြင့်မြတ်တဲ့စိတ်
လူ့ဘ၀ရတဲ့ အခိုက်လေးမှာ လူ့စိတ်ရှိဖို့ အရေးကြီးဆုံးပဲ
လူ့စိတ်ဆိုသည်မှာ မေတ္တာတို့ ကရုဏာတို့ မုဒိတာတို့ မြင့်မြတ်တဲ့ ဥပေက္ခာတို့ဆိုတာနဲ့
လူ့ဘ၀မှာ အားလုံးနဲ့ဆက်ဆံ ပြောဆို နေထိုင်သွားရဖို့

Thursday, May 1, 2014

သြဝါဒတော်များ


·         ရောဂါကြောင့်သာ၊ ဆေးဆရာ၊ စွမ်းတာသိနိုင်သည်။
·         ကိလေသာဟူ အပူကြောင့်သာ၊ ကောင်းစွာကျင့်တတ်၊ သူတော်မြတ်၏၊
မြင့်မြတ်ထူးဆန်း၊ လူ့အစွမ်း၊ ဖြစ်ထွန်းပေါ်လာသည်။
·         ရောဂါအများ၊ ရှိနေငြား၍၊ ဆေးဝါးစွမ်းအင်၊ အာနိသင်၊ ပေါ်လွင်ထင်ရှားသည်။
·         ကိလေသာဟူ အပူအများ ရှိနေငြား၍ ၊ တရားစွမ်းအင် အာနိသင်၊ ပေါ်လွင်ထင်ရှားသည်။
(ယောဆရာတော်ကြီး)

ရတနာသုံးပါးကို သွားတဲ့အခါ၊ စားတဲ့အခါ မမေ့နဲ့။ စီးပွားရှာလည်း မမေ့နဲ့။
အကုန်လုံးပြည့်စုံနိုင်တဲ့ ရတနာသုံးပါးပါ။
(သာမညတောင်ဆရာတော်ကြီး)


အလုပ်ပေး ၀ိပဿနာ အမေးအဖြေများမေတ္တာရှင်(ရွှေပြည်သာ)


ဒီကပေးလိုက်တဲ့နည်းကို တစ်နှစ်ပတ်လုံး ကျင့်သုံးဖို့တော့ လိုပါတယ်။ ရှင်းရှင်းလေးပဲ။
အများကြီး မပြောဘူး။ နှစ်ခုပဲမှာလိုက်မယ်။
လောဘနဲ့ ဒေါသအကြောင်းမတွေးဘဲနဲ့
အလောဘနဲ့ အဒေါသအကြောင်းပဲတွေးပါ။ အဲဒါတရားပဲနော်၊
လိုချင်စရာနဲ့ သူတပါးအကျိုး ပျက်စီးရာပျက်စီးကြောင်းတွေ မတွေးနဲ့တော့။ တွေးခွင့်မပေးနဲ့တော့။ အလောဘဆိုတဲ့ သူတပါးကို ပေးဖို့တော့ တွေးပါ။ အဲဒီတော့စိတ်က ဖြူစင်နေတယ်။ ငါစီးပွားရေးတက်လာရင် ဘယ်သူ့ကို ဘယ်လို ထောက်ပံ့ရမလဲဆိုတဲ့ အဲဒါမျိုးတွေ တွေးပါ။
အဲဒီလိုဆိုရင် ယောဂီတို့ စိတ်လေးတွေဟာ အမြဲတမ်း ဖြူစင်နေပါလိမ့်မယ်။ အဲဒီလို ကောင်းတာကို တွေးတာကိုက တရားကျင့်တဲ့ သဘောလည်း ပါသွားပါလိမ့်မယ်။
နှာ - ၂၁

          ဒီရိပ်သာမှာနေတဲ့အချိန်တင်မဟုတ်ဘူးလေ။ ကိုယ့်အိမ်ကိုရောက်တဲ့အထိ ကျင့်နိုင်အောင် နည်းပေးနေတာပါ။ မကောင်းတဲ့စိတ် မ၀င်အောင်နေပေါ့။ ထိုင်လို့ မကောင်းတဲ့စိတ်မ၀င်ရင် ထိုင်ပြီးတ၇ားကျင့်တာပေါ့။ သွားနေတဲ့အချိန်မှာ မ၀င်ရင် သွားနေရင်း တရားကျင့်တာပဲ။ အဲဒါ အဓိကပါပဲ။
နှာ- ၇၇

          သိပြီးရင် ကျင့်ရမှာလေ။

Tuesday, August 21, 2012

တစိမ့်စိမ့်တွေးမယ် သိစရာ တွေးစရာ (ဦးဇောတိက)


ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) “တစိမ့်စိမ့်တွေးမယ်”


I have no parents. I make the heavens and earth my parents.
ငါ့မှာ မိဘမရှိပါဘူး။
ငါဟာ ကောင်းကင်နဲ့ မြေကြီးကို (သဘာဝတရားကို) မိဘသဖွယ် လုပ်ထားပါတယ်။

I have no home. I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။ ငါဟာ သတိကို အိမ်လုပ်ပြီးနေပါတယ်။

I have no life or death. I make the tides of breathing my life & death
ငါ့မှာ မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုတာ မရှိပါဘူး။
ဝင်လေ ထွက်လေကိုပဲ မွေးဖွားခြင်း၊ သေဆုံးခြင်းလို့ သဘောထားပါတယ်။

I have no divine power. I make honesty my divine power.
ငါ့မှာ တန်ခိုး မရှိပါဘူး။ ရိုးသားမှုကို င့ါရဲ့ တန်ခိုးအဖြစ် လုပ်ထားပါတယ်။

I have no friend. I make my mind my friend.
င့ါမှာ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်း မရှိပါဘူး။
ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ်။

ဓမ္မဒူတ အရှင်ဆေကိန္ဒ “အသိပေးစကားစုများ”

ဓမ္မဒူတ အရှင်ဆေကိန္ဒ   “အသိပေးစကားစုများ”


စိတ်ဆိုးနေတဲ့အခါ
ကောင်းတဲ့စိတ်နဲ့ လဲ လိုက်ပါ။
ရှုပ်နေရင် ရှင်းတဲ့စိတ်၊
ပူနေရင် အေးတဲ့စိတ်၊
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်း လဲ လိုက်ပါ။

ကောင်းတာကို လုပ်ဖို့လွယ်ရင်
ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ?

စိတ်အားဖြည့်


အရှင်ဆန္ဓာဓိက(ရွှေပါရမီတောရ)

ဘုရားဂုဏ်တော် ပွားတယ်ဆိုတာ
ဘုရားရှင်သန္တာန်မှာရှိတဲ့
စိတ်ကောင်းစိတ်မြတ်တွေ၊ ဓါတ်ကောင်းဓါတ်မြတ်တွေကို
ကိုယ့်နှလုံးသားထဲမှာ မိတ္တူကူးယူတာပါပဲ။
နှလုံးသားကောင်းမြတ်နေမှတော့
ကာင်းကျိုးချမ်းသာတွေအားလုံး
မလိုချင်အဆုံးရရှိတော့မှာပါ။
လိုတရနှလုံးသားဆိုတာ မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်နဲ့ ထုံမွမ်းထားတဲ့ နှလုံးသားပါပဲ။
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော
ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ

လိုတရနှလုံးသား ဖြစ်ပါတယ်။


အိုဘယ့်အလှူရှင်
ကြီးကျယ်မြင့်မြတ်သူတိုင်း ဘာပဲလှူလှူ---
တစ်ဖက်သားချမ်းသာစေချင်တဲ့ မေတ္တာစိတ်သန့်သန့်နဲ့ပဲ လှူပါတယ်။
ဘာအလုပ်ပဲလုပ်လုပ်---
အများကောင်းကျိုးကို ရှေးရှုပြီးလုပ်တာဟာ
သူတော်ကောင်းတွေရဲ့ မြတ်နိုးဖွယ် စံပြုစိတ်ထားပါ။

လေနှင်ရာမှာ ပျော်အောင်နေ
မြစ်ပြင်ထဲက ဗေဒါပင်တွေဟာ
လေကြောင့်ပဲ ပေါင်းဆုံကြသလို
လေကြောင့်ပဲ ကွဲကွာသွားကြပါတယ်။
သံသရာမြစ်ပြင်ထဲက လူသားတွေဟာလည်း
ကံကြောင့်ပဲ ဆုံစည်းခွင့်ရကြသလို
ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ်။
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့။
လမ်းခွဲမှာ ၀မ်းနည်းစရာ မလိုပါဘူးလေ။

သံသရာတစ်လျှောက်
ကိလေသာတိုးပွားကြောင်း ဘေးပေါင်းခတဲ့မျက်ရည်တွေပဲ
အကျများခဲ့ပါတယ်။
သောကတစ်မျိုးမျိုးကြောင့် ကျခဲ့ရတဲ့မျက်ရည်တွေကိုက
သမုဒ္ဒရာလေးစင်း မကတော့ပါဘူး။
ကိလေသာငြိမ်းအေးကြောင်း ဆေးပေါင်းခတဲ့မျက်ရည်
ဘယ်နှစက်များ ကျခဲ့ဖူးပါသလဲ?

ရွှံ့နွံကြားမှာ ပေါက်ဖွားပေမယ့်
ရွှံ့နွံနဲ့ မလိမ်းကျံ၊ မကပ်ငြိတဲ့ ကြာကို
သူတော်ကောင်းတိုင်း အတုယူသင့်ပါတယ်။
လောကဓံရွှံနွံတွေ၊ ကာမဂုဏ်ရွှံ့နွံတွေ၊
ကိလေသာရွှံ့နွံတွေ ကြားမှာ
ပေါက်ဖွားကြီးပြင်းလာပေမယ့်
အဲဒီရွှံ့နွံတွေနဲ့ မလိမ်းကျံ၊ မကပ်ငြိတဲ့ပုဂ္ဂိုလ်ဟာ
သန့်စင်မြင့်မြတ်တဲ့ ကြာလိုလူအစစ်ပါပဲ။

သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို -
တဏှာ(သံယောဇဉ်)နဲ့ချစ်ရင် စိတ်ပူလောင်ရတယ်၊
သဒ္ဓါမေတ္တာနဲ့ချစ်ရင် စိတ်အေးချမ်းရတယ်။
ဒေါသနဲ့မုန်းရင် စိတ်ဆင်းရဲရတယ်၊
အသိဥာဏ်နဲ့ မုန်းရင် စိတ်ချမ်းသာရတယ်။
တဏှာနဲ့ မချစ်တတ်တဲ့သူ၊ ဒေါသနဲ့ မမုန်းတတ်တဲ့သူ ဘ၀တိုင်း ဖြစ်ပါရစေ။

ကိုယ့်စိတ်ကိုယ်စစ်ကြည့်---
အပြုသဘော၊ အကောင်းသဘောတွေ ရှိနေလား?
အဖျက်သဘော၊ အဆိုးသဘောတွေ ရှိနေလား?
ခွဲခြားသိနိုင်ပါတယ်။
အပြုသဘော၊ အကောင်းသဘောဆိုရင် လက်ခံပြီး တိုးပွားအောင်လုပ်၊
အဖျက်သဘော၊ အဆိုးသဘောဆိုရင် ဖယ်ရှားပြီးရှင်းလင်းအောင်လုပ်။
ဒါဆိုရင် စိတ်လည်းချမ်းသာပါတယ်။ အလုပ်လည်းအောင်မြင်ပါတယ်။

နံသာဖြင့်ထုံမွှမ်းအပ်သော (စိတ်ဓါတ်) - - -
ယောနိသော မနသိကာရ ဆိုတဲ့
စိတ်ထားကောင်းလေးနဲ့သာ
စိတ်ကောင်းလေး ထားနိုင်မယ်ဆိုရင်
ဘယ်အာရုံနဲ့ဆုံဆုံ၊ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံ
စိတ်လည်း ချမ်းသာပါတယ်။ ကုသိုလ်တရားလည်း တိုးပွားပါတယ်။
အလုပ်တိုင်းမှာအနှစ်ပါဖို့ မေတ္တာဟာလည်းမရှိမဖြစ်ပါ။
ဘာအလုပ်ပဲလုပ်လုပ် မေတ္တာထုံမွမ်းပြီးလုပ်ရင်
လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။

ပကတိတံတားတွေက အရပ်ဒေသတွေကို
ဆက်သွယ်ပေးတယ်။
မေတ္တာတံတားက နှလုံးသားတွေကို
ပေါင်းကူးပေးတယ်။
မေတ္တာစိတ်ကိုယ်စီနဲ့ သတိရနေမယ်ဆိုရင်
တစ်ယောက်နဲ့တစ်ယောက်
ဘယ်လောက်ဝေးဝေး နီးနီးလေး ပါပဲ။


          ကိုယ့်စိတ်ဓာတ်နဲ့လုပ်ရပ်ကို အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက် ကြောင့်ရော၊ လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ ထိပ်ခေါင်တင် အနှိုင်းမဲ့ဘာဝနာ ဖြစ်ရပါတယ်။