Showing posts with label သံဝေဂ. Show all posts
Showing posts with label သံဝေဂ. Show all posts

Thursday, May 1, 2014

သံဝေဂ



အို၊ နာ၊ သေ သို့ မောင်းနှင်ပို့ လူတို့မမြဲပါတကား
စောင့်ရှောက်သူမဲ့ ကိုးရာမဲ့ အားနွဲ့လှချည်ပါတကား
ကိုယ်ပိုင်ဥစ္စာမရှိပါ စွန့်ကာသွားရမှာပါတကား
လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား။
 (မဟာစည်ဆရာတော်ကြီး)

ငါဟာ တစ်နေ့ကျရင်သေရမှာပဲ။
ငါချစ်တဲ့သူတွေလည်း တစ်နေ့ကျရင် သေရမှာပဲ။
ငါမချစ်တဲ့သူတွေလည်း တစ်နေ့ကျရင် သေရမှာပဲ။
ဘယ်သူမဆို တစ်နေ့ကျရင် သေရမှာပဲ။

ငါဟာ အချိန်မရွေးသေသွားနိုင်တယ်။
ငါချစ်တဲ့သူတွေလည်း အချိန်မရွေးသေသွားနိုင်တယ်။
ငါမချစ်တဲ့သူတွေလည်း အချိန်မရွေးသေသွားနိုင်တယ်။
ဘယ်သူမဆို အချိန်မရွေးသေသွားနိုင်တယ်။
                                                                                         (ညွှန်း - အရှင်ဆန္ဒာဓိက - မသေခင်ဘာလုပ်ကြမလဲ)







ရနံ့စုံစွာ ပန်းမာလာလည်း မြေမှာကြွရ အနိစ္စ
နံ့သာစုံစွာ ချယ်သပါလည်း ရှည်ကြာမရ အနိစ္စ
လှမျိုးစုံစွာပျိုကညာလည်း အိုမှာခဏ အနိစ္စ
ပစ္စည်းစုံစွာ လူချမ်းသာလည်း ခန္ဓာကြွေရ အနိစ္စ
မိသားစုံစွာ မျိုးဆွေညာလည်း ကွဲကွာကြရ အနိစ္စ
ကြယ်လစုံစွာ သူရိယာလည်း ရောင်ဝါကွယ်ပ အနိစ္စ
ဘုံနန်းစုံနေ နတ်များတွေလည်း စုတေကြရ အနိစ္စ
အနိစ္စပင် စိတ်မှာမြင်လျက် အစဉ်မပျက် သတိချပ်လော့။

အိုခြင်းဒုက္ခ ဆင်းရဲလှ လုံးဝမလွတ်နိုင်
နာခြင်းဒုက္ခ ဆင်းရဲလှ လုံးဝမလွတ်နိုင်
သေခြင်းဒုက္ခ ဆင်းရဲလှ လုံးဝမလွတ်နိုင်
ချစ်သူတွေနဲ့ ကွဲကွာရ လုံးဝမလွတ်နိုင်
ကံပြုသမျှလိုက်နာရ လုံးဝသူကြိုးကိုင်။