Thursday, May 22, 2014

ကံ ကံ၏အကျိုး



ဖန်ဆင်းရှင်မှာ မိမိသာ

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံး
နေတော်မူ၏။ ထိုအခါ တောဒေယျ ပုဏ္ဏား၏သား သုဘလုလင်သည် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားအား ဤသို့လျှောက် ထား၏။
 

သုဘ 
အရှင်ဘုရား၊ လူအချင်းချင်းဖြစ်ကြပါလျက်_ 
(၁) အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(၂) အနာရောဂါများခြင်း၊ အနာရောဂါကင်းခြင်း၊ 
(၃) အရုပ်ဆိုးခြင်း၊ အဆင်းလှခြင်း၊ 
(၄) အခြံအရံမရှိခြင်း၊ အခြံအရံများခြင်း၊ 
(၅) စည်းစိမ်ဥစ္စာရှားပါးခြင်း၊ စည်းစိမ်ဥစ္စာပေါများခြင်း၊ 
(၆) အမျိုးယုတ်ခြင်း၊ အမျိုးမြတ်ခြင်း၊ 
(၇) ပညာမဲ့ခြင်း၊ ပညာရှိခြင်း ဟူ၍လူမှုအဆင့်အနိမ့်အမြင့်တို့ကို တွေ့မြင်ရပါသည်။ ထိုအကြောင်း ရင်းများကား အဘယ်ပါနည်း ဘုရား။ 
ဘုရား 
လုလင်၊ ကောင်းစွာ နှလုံးသွင်း၍ နာယူပါ။ သတ္တဝါတို့သည် ကံသာလျှင် မှီခိုရာအကြောင်းရင်း ရှိ၏။ ထိုကံသည် သတ္တဝါ တို့ကို အနိမ့်-အမြင့် ကွဲပြားခြားနားစေ၏။
သုဘ 
မြတ်စွာဘုရား၊ ဤတရားသည် အကျဉ်းဖြစ်၍ တပည့်တော် မသိပါ ဘုရား။ အနက်သဘော အကျယ်ကို ဟောကြားတော် မူပါဘုရား။
ဘုရား 
(၁) သူတစ်ပါးကို မသနားဘဲ သတ်ဖြတ်မှု အကျင့်ကြောင့် အသက်တိုရ၏။ မသတ်ဘဲ ရှောင်ကြဉ် မှုကြောင့် အသက် ရှည်ရ၏။ 
(၂) သူတစ်ပါးကို ညှဉ်းဆဲမှု အကျင့်ကြောင့် ရောဂါများရ၏။ မညှဉ်းဆဲမှုကြောင့် ရောဂါနည်းပါး ရ၏။ 
(၃) သူတစ်ပါးကို အမျက်ထွက်မှု အကျင့်ကြောင့် အဆင်းမလှ ရုပ်ဆိုးရ၏။ မေတ္တာထားမှုကြောင့် အဆင်းလှပတင့်တယ်ရ၏။ 
(၄) သူတစ်ပါးကို ငြူစူမနာလိုမှု အကျင့်ကြောင့် အခြံအရံမရှိ
ဖြစ်ရ၏။ ငြူစူမနာလိုကင်းမှုကြောင့် အခြံအရံများပြားရ၏။ 
(၅)သမဏ ဗြာဟ္မဏတို့အား မပေးလှူမှု အကျင့်ကြောင့် စည်းစိမ်ဥစ္စာရှားပါးရ၏။ ပေးကမ်းလှူဒါန်းမှုကြောင့်စည်းစိမ်ဥစ္စာ
ပေါများ
ရ၏။ 
(၆) မာနကြီး၍ ခက်ထန်ပြီး မရိုသေမှု အကျင့်ကြောင့် အမျိုး ယုတ်ညံ့ရ၏။ ရိုသေနှိမ့်ချ မာနမထောင်လွှားမှု ကြောင့်အမျိုး
မြင့်မြတ်ရ၏။ 

(၇) သမဏ ဗြာဟ္မဏတို့ကို ချဉ်းကပ်ပြီး အဖန်ဖန်မမေးမြန်းမှု အကျင့်ကြောင့် ပညာမဲ့ဖြစ်ရ၏။ အဖန်ဖန် မေးမြန်းမှုကြောင့် ပညာရှိဖြစ်ရ၏။
သုဘ 
အရှင်ဘုရား၊ တရားတော်သည် အလွန်နှစ်သက်ဖွယ် ဖြစ်ပါ
သည်။ လမ်းမှားသူအား လမ်းမှန်ကို ပြောကြားဘိသို့ ရှိပါ၏။ တပည့်တော် သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ကို ကိုးကွယ်ရာ 
ဟူ၍ ဆည်းကပ်ပါ၏။ တပည့်တော်အား ယနေ့မှစ၍ ဥပါသကာဟု မှတ်တော်မူပါ ဘုရား။
ဘုရား 
ဤသို့ လူမှုအဆင့် အနိမ့်-အမြင့် ကွဲပြားခြားနား နေရခြင်း
သည် နတ် ဗြဟ္မာတို့ ဖန်ဆင်း၍မဟုတ်၊ ဖန်ဆင်းရှင်မှာ မိမိပြုလုပ်သော ကံကောင်း ကံဆိုး နှစ်ပါးကြောင့်ပင်တည်း။ 

သာဓု သာဓု သာဓု
ကျမ်းကိုး။ ။စူဠကမ္မဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ မဇ္ဈိမနိကာယ်။ 
 

Posted by ဉာဏ်ဦး

ဓမ္မသာကစ္ဆာ (၉)

ဓမ္မလက်ဆောင် မှ ကူးယူမျှဝေပါသည်

Wednesday, May 21, 2014

ဗုဒ္ဓ၏ လက္ခဏာတော်မြတ်၊ အမြင့်မြတ်ဆုံးယောက်ျား၏ လက္ခဏာကြီး(၃၂)ပါး

ကံနှင့် ကံ၏အကျိုးကို ယုံကြည်မှသာ ဗုဒ္ဓဘာသာဝင် စစ်မှန်သည်။ အကြောင်းကြောင့်သာ အကျိုးရသည်။ အကြောင်းကင်းသော အကျိုး ဟူ၍ကား မရှိ။ အကျိုးကိုလိုသော်၊ ဖြစ်စေသော အကြောင်းကို ပြုကြရစမြဲဖြစ်သည်။
လှလိုကြ၍ ရုပ်ကိုနည်းအဖုံဖုံဖြင့် ပြုပြင်ကာနေကြသည်။
စိတ်ကိုပြင်ရကောင်းမှန်းမူ မသိကြ။ ရုပ်ကိုလည်းပြင်၊ စိတ် လည်းပြင် ကြပါလျှင်၊ ပြင်ဆင်တိုင်းလှ၊ ပြုတိုင်းရ ကြမည်ဖြစ်သည်။ ယင်းကား ကံနှင့် ကံ၏ အကျိုးပင်တည်း။

မြတ်စွာဘုရားသည် အကြောင်းကုသိုလ်ကောင်းများကို ပြုတော်မူခဲ့လေရာ အကျိုးကောင်းများစွာကို ရရှိတော်မူခဲ့လေသည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းတော်မူခဲ့သော ပါရမီဆယ်ပါး အပြားသုံး ဆယ်နှင့် စွန့်ခြင်းကြီး ငါးပါးတို့ကြောင့် ဘုရားဖြစ်မည့်နောက်ဆုံးဘဝတွင် ထိုကံများက အရှိန်အဟုန် ကြီးမားစွာဖြင့် အကျိုးပေးခဲ့လေသည်။ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးနှင့် လက္ခဏာတော်ငယ်အပါးရှစ်ဆယ် တည်းဟူသော မြတ်အလှများဖြင့် ယောက်ျားပီသစွာ သပ္ပါယ် ကြည်ညိုစဖွယ် ဖြစ်တော်မူခဲ့ခြင်းလည်း အပါအ၀င်ဖြစ်သည်။
မြတ်ဗုဒ္ဓ၏ အဆင်းတော် အသံတော်အလှကို ကြည့်မဝ ဖြစ်ကာ တရားအား မထုတ်နိုင်ဘဲ ဘုရားမြတ်ထံတော်ပါးတွင် အနီးကပ်ဖူးမြော်လျက်သာ
နေသော ဝက္ကလိရဟန်းကို "တရားကိုမြင်သော သူသာ ငါဘုရားကို မြင်သောသူ ဖြစ်သည်" ဟူသည့် ဆုံးမစကား နှင့် နှင်ထုတ်တော်မူခဲ့ရသည်။

ရုပ်နှင့်တကွ စိတ်တော်ပါ လှတော်မူသော မြတ်ဘုရား၏ အလှတရားကို
အားကျပါလျှင် နည်းယူရမည် ဖြစ်သည်။ နှိုင်းယှဉ်ခြင်းငှာမထိုက်တန်ရကား ထပ်တူမလှပ နိုင်သြော်ငားလည်း သံသရာတွင် ကျင်လည် ရသမျှ ယခုထက်များစွာ ကိုယ်စိတ်လှပ သွားကြ ပါလိမ့်မည်။ သို့ ဖြစ် ပါ၍၊ မြတ်စွာဘုရားပြုတော်မူခဲ့သည့် အကြောင်းကုသိုလ်များနှင့် ရရှိသော အကျိုးရင်း၊ အကျိုးဆက်များကို သိသာရန်ဖေါ်ပြလိုပါသည်။

အကြောင်းကုသိုလ်တော်_ဗုဒ္ဓလောင်းလျာ ဘ၀များစွာတွင် ကုသိုလ်ကောင်းမှု အလုပ်ဟူမူ မည်သည့် အကြောင်းနှင့်မျှ အပျက်မခံခိုင်မြဲ စွာပြုလုပ်တော်မူခဲ့သည်။
အကျိုးရင်းလက္ခဏာတော်() အလယ်တွင် ဟိုက်ခြင်းဟာခြင်း မရှိဘဲ ပြည့်ဖြိုးကာ တစ်ပြေးညီ တည် သော ခြေဖဝါးပြင်ရှိခြင်း။
အကျိုးဆက်_မည်သူ့ ကိုမျှလည်း မကြောက်ရွံ့ တတ်၊ မည်သည့် ရန်သူကမျှလည်း နှောက်ယှက်ဖျက်ဆီးခြင်းငှာ မတတ်နိုင်ပေ။

အကြောင်းကုသိုလ်တော်_လူအပေါင်း၏ချမ်းသာကိုဆောင်ရွက်ခြင်း၊ကြောက်ရွံ့ နေသူကို တရား သဖြင့်စောင့်ရှောက်ခြင်းနှင့်လှူဒါန်းသည့် အခါတိုင်း မူလဒါနကို သက်ဆိုင်ရာ အခြံအရံပစ္စည်းများ ပါဖြည့်စွက်လျက်သာ လှူဒါန်းခြင်းကို ပြုတော်မူခဲ့သည်။
အကျိုးရင်းလက္ခဏာတော်_() ခြေဖဝါးတွင် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော် ပါရှိခြင်း။
အကျိုးဆက်_ အခြံအရံများစွာရှိခြင်း။

အကြောင်းကုသိုလ်တော်_ ဘဝများစွာတွင် သူ့ အသက်သတ်ခြင်း ကင်းခဲ့သည်။
အကျိုးရင်းလက္ခဏာတော်_() ရှည်သွယ်သော ခြေဖနောင့်တော်ရှိခြင်း၊
(၄) လက်ချောင်းတော်များ ရှည်ပြီး အရင်းမှအဖျားတိုင် သွယ်ခြင်း၊
(၅) ဖယောင်းတိုင်ပမာ ဖြောင့်စင်းသော ခန္ဓာကိုယ်ရှိခြင်း။
အကျိုးဆက်_ အသက်ရှည်ခြင်း၊ ကိုယ်တော်တိုင် ချေချွတ်မှရမည့် သတ္တဝါ ကျန်ရှိနေသေး၍ နေဦးမည် ဆိုပါလျှင် အာယုကပ်ကုန်သည်ထိပင် တည်နေနိုင်ခြင်း၊ မည်သူကမျှ သတ်ဖြတ်၍ မရခြင်း။

အကြောင်းကုသိုလ်တော်_အပိုအလိုမရှိအဆီသြဇာပြည့်စုံပြီးချိုမြိန် ကောင်းမြတ်သော အရသာရှိသည့် အာဟာရတို့ကို ပေးလှူခဲ့သည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့

မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဖြင့် ဂေါတမမြတ်စွာဘုရားသည် မဟာသက္က
ရာဇ် (၁ဝ၃) ခုနှစ်၊ ကဆုန်လ ပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓဘုရား
အဖြစ် သို့ရောက် ရှိတော် မူခဲ့ပါသည်။ ခုနစ်နှစ်မြောက်သော်
သတ္တမ ဝါကို တာဝတိံသာနတ်ပြည် တွင်ဝါကပ်တော်မူသည်။ အကြောင်းရင်းမှာ မယ်တော်မိနတ်သားအား အဘိဓမ္မာဒေသနာ
တော် ဟောကြားရန်ဖြစ်ပေသည်။ ထို့ကြောင့် တာဝတိံသာနတ်
ပြည်ရှိ ပင်လယ်ကသစ်ပင်အောက် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ
ထက်၌ထက်ဝယ်ဖွဲ့ခွေနေတော်မူ၏။ ထို့နောက်မယ်တော်ဖြစ်ခဲ့
ဖူးသော သန္တုဿိတနတ် သားကို အမှူးပြု၍ စကြဝဠာတိုက်တစ်
သောင်း မှ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာဒေသနာ ၇ ကျမ်း
ကိုဟောတော်မူလေသည်။ ဝါတွင်း သုံးလပတ်
(ရက်၉ဝ) လုံး
အသံမစဲ ရက်ဆက်တရားပွဲတော်ကြီးဖြစ် ပေသည်။ ထို
() ကျမ်းကား--

တပေါင်းလပြည့် ပြည်တော်ပြန်နေ့

ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော် မူနေစဉ်အခါ ဖြစ်ပါသည်။ အင်္ဂတိုင်း နှင့် မဂဓတိုင်းသားများကိုလည်း အမြိုက်တရား ဟောကြားတော်မူလျက် ရှိလေသည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထိုအကြောင်းကို ကြားသိလေ၏။ ထို့ကြောင့် 
နောက်ပါ အခြံအရံတစ်ထောင်စီဖြင့် အမတ်ဆယ်ဦးကို ဦးဆောင်စေ လျက်ဘုရားပင့်ရန် ရာဇဂြိုဟ်ပြည်သို့စေလွှတ်ခဲ့သည်။ ဆယ်ကြိမ်ခွဲကာ အဖွဲ့ လိုက်သွားရောက်၍ ပင့်ဆောင်ရန်ဖြစ်သည်။

နောက်ဆုံးအဖွဲ့ တွင်မူ ယုံကြည်စိတ်ချရသော အမတ်ကြီး ကာဠုဒါယီ ကိုယ်တိုင်ဦးစီးကာ သွားရောက်ခဲ့ ရသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာထံ ပင့်ဆောင်ရန် ရောက်သွားကြလေကုန်သော သူများအားလုံး တစ်ယောက်တလေမျှ ကပိလဝတ်နေပြည်တော်သို့  ပြန်လည်ကာရောက် မလာကြပေ။

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့

မည်သည့်နေရာမဆို အကြောင်းကောင်းလျှင် အကျိုးကောင်း စမြဲပင်။ မြတ်ဗုဒ္ဓ၏ တရားတော်များမှာ အကြောင်းကောင်းတွေပြု၍ အကျိုးကောင်းတွေရသည့် သာဓကများစွာရှိသည်။ လူ့လောကတွင် အလို အပ်ဆုံးနှင့် အရေးကြီးဆုံးအရာသည် မည်သည်နည်း။ ဂရုဓမ္မဇာတ်တော် အချုပ်ကို အနှစ်ထုတ်ကြည့်လျှင် အမှန်သိပေမည်။


တစ်ခုသောဘဝဝယ် ဘုရားလောင်းသည် ကုရုတိုင်း၊ ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယ ကောရဗျမင်းဖြစ်၏။ ထိုဘုရင် အုပ်စိုးစဉ် တစ်ပြည်လုံးကို သီလတရားစောင့်ထိန်းစေသည်။ အားလုံးသီလလုံခြုံအောင် စောင့် ကြသဖြင့် ထိုတိုင်းပြည်မှာ မိုးလေဝသမှန်ကန်၏။ ကောက်ပဲသီးနှံ စပါးဆန်ရေပေါများ၏။ ပြည်သူလူ အများလည်း ငြိမ်းချမ်း၍ ရောဂါဘေးဆိုးများမှ ကင်းဝေးကြရသည်။

ထိုအချိန်မှာ ကာလိင်္ဂမင်း စိုးစံသော ဒန္တပူရပြည်သည်ကား မိုးနည်းရေရှား ဖြစ်နေ၏။ ဆန်ရေစပါး ရှားပါးသောကြောင့် လူအများလည်း ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရသည်။ ထိုအခါ ဘုရင်သည် ကောရဗျမင်း
၏ တိုင်းပြည်သာယာဝပြောခြင်း၏ အကြောင်းရင်းကို စူးစမ်းလေ့လာ၏။

ဝါဆိုလပြည့် ဓမ္မစကြာနေ့


ဂေါတမဘုရားလောင်းတော်သည် တစ်ကိုယ်တည်း ကျင့်တော်မူခဲ့၏။ ၁၀၃ ခု၊ ကဆုန်လပြည့်၊   သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရအဘယ်သူ့ကိုတရားဦး
ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ်၊ ဣန္ဒြိယ ပရောပရိယဉာဏ်တော်တို့ ဖြင့်ဆင်ခြင်ခြင်းဖြစ်သည်။ ပထမ ဦးစွာဈာန်လမ်းပြခဲ့ ဖူးသော 
အာဠာရ ရသေ့ဆရာကိုမြင်၏။ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ထိုမှတစ် ဆင့် ဥဒက ရသေ့ဆရာကို မြင်တော်မူလေသည်။ ဥဒက ရသေ့လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်၏။

ထို့နောက်၊ အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦး ဟောကြားရန် ကြည့်တော်မူပြန်သည်။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူလေသည်။ သို့သော်လည်း ထိုရသေ့များထံ ချက်ချင်း မကြွပေ။ သုံးရက်သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ထို့နောက်မှ ဗာရာဏသီအနီးရှိမိဂဒါဝုန်တော သို့ ကြွချီ ခရီးဆက် တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင် တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထို့ကြောင့် ဘုရားလောင်းအားစွန့်ခွါပြီးဗာရာဏသီ၊ မိဂဒါဝုန်တော သို့ ရောက်ခဲ့ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့ မြင်ကြ၏။ ခရီးဦးမကြို၊ဝတ်မပြုလိုကြတော့ပေ။
သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်း ဝတ်ရုံလျက်ပင် ဝင်လာတော်မူ၏။ ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။ သို့ဖြစ်ရာပဉ္စဝဂ္ဂီတို့ သည် ခရီးဦးကြိုကြ
ရ၏။ ရှိခိုးပူဇော်ကြရ၏။ နှုတ်ခွန်းဆက်ကြရ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။

Thursday, May 15, 2014

ပါချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာဘိဝံသ သြဝါဒများ





ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာ ဘိဝံသ တရားတော်များ




ဘ၀ ရိက္ခာ
ဘ၀ရိက္ခာဆိုတာ ကုသိုလ်ပဲဖြစ်တယ်
ဒါနကောင်းမှုလုပ်တယ် သီလစောင့်တည်တယ် သမ္မထ ၀ိပဿနာ ဘာဝနာ ကမ္မဌာန်းကို အားထုတ်တယ်ဆိုတာ ရိက္ခာစုဆောင်းခြင်းပဲဖြစ်တယ်
ကိုယ်သွားတဲ့ ဘ၀မှာ ဒါနကောင်းမှုလုပ်သွားလို့ ဒါနကုသိုလ်ဆိုတဲ့ ရိက္ခာပါလို့ရှိရင် ဘ၀ရောက်ရောက် စားရာမဲ့သောက်ရာမဲ့နဲ့
ဆင်းဆင်းရဲရဲ နေရတဲ့ ဘ၀မျိုးမဖြစ်ဘူး အိုတာတော့အိုမယ် သေတာတော့သေမယ် မအိုမနာမသေခင်မှာ ချမ်းသာသုခတွေ ရနိုင်သေးတယ်
ဘ၀ခရီးမှာ အခက်အခဲတွေသက်သာသွားမယ်
http://www.drnandamalabhivamsa.com.mm/audio/1270


ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ
တနေ့တာမှာ ငါ့တွေးတာဟာ အပြစ်မကင်းတဲ့ အကုသိုလ်ကံတွေ တွေးတာရှိသလား
ပြောနေတဲ့စကားတွေဟာ အကုသိုလ်ကံတွေ ပါနေသလား
လုပ်နေတဲ့ အလုပ်တွေရော အကုသိုလ်ကံတွေဖြစ်နေသလား
ကိုယ်တိုင်ဆန်းစစ်ကြည့်ပြီး ကိုယ်တိုင်ပြုပြင်ရမယ်လို့ မြတ်စွာဘုရားကဟောကြားတော်မူတယ်...

https://www.youtube.com/watch?v=UoFJohPLV7Y&feature=youtu.be

လူစိတ်ကင်းမဲ့တဲ့ လူ

လူ့စိတ်ဆိုတာ အင်မတန်မှ မြင့်မြတ်တဲ့စိတ်
လူ့ဘ၀ရတဲ့ အခိုက်လေးမှာ လူ့စိတ်ရှိဖို့ အရေးကြီးဆုံးပဲ
လူ့စိတ်ဆိုသည်မှာ မေတ္တာတို့ ကရုဏာတို့ မုဒိတာတို့ မြင့်မြတ်တဲ့ ဥပေက္ခာတို့ဆိုတာနဲ့
လူ့ဘ၀မှာ အားလုံးနဲ့ဆက်ဆံ ပြောဆို နေထိုင်သွားရဖို့

Wednesday, May 14, 2014

သက်ရှည်ကျန်းမာ


လူတိုင်းကျန်းမာသက်ရှည်ဖို့ ဒီ Page ကို Like လုပ်ထားကြပါစို့။
www.facebook.com/pages/သက်ရှည်ကျန်းမာ/364484143692148
တွင်တင်ထားသည်များမှ ကောင်းနိုးရာရာများကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ဥာဏ်ဖြိုးမြင့်
www.aungteikdi3.blogspot.com


သဘာဝရဲ့ဆေးမြီးတိုများ (မြင်းခွါရွက်)
=====================

မျက်စိနာ - မြင်းခွါရွက်၊ ချင်းရည်နဲ့ ဖျော်သောက်ပါ။

အနာပေါက် - မြင်းခွါရွက်ကိုထောင်း၊ နနွင်းနှင့်ရောအုံထားပါ။

ချိုင်းအောက်နာ (ကိန္နရာ အနာ) -  မြင်းခွါရွက်ကို ချင်းစိမ်း၊ နှမ်းဆီနှင့် ထည့်ကြိတ်၊ အနာမှာ အုံပါ။

ငှက်ဖျား - မြင်းခွါရွက်ရည် ငရုတ်ကောင်းနဲ့ ဆတူကြိတ်သောက်ပါ။

ဒူလာ၊ ညောင်းညာ၊ ကိုက်ခဲ၊-  မြင်းခွါရွက်ကို ဆီးဖြူခေါက်နှင့် ရော၊ ဆားအနည်းငယ်ထည့်၊ အိုးသစ်နဲ့
သုံးခွက်တခွက်တင် ကျိုသောက်ပါ။

ကိုးဆယ်ခြောက်ပါးဆေး - မြင်းခွါရွက် လေးကျပ်သား၊ ငရုတ်ကောင်း နှစ်ကျပ်သား ရေနွေးနှင့် ညှစ်ပြီး
နံနက်တွင် သောက်ပါ။

ကျန်းမာပျော်ရွှင်ကြပါစေ
ပိုပိုဇော်(သဘာဝအားအင်)




မျက်စိအားဖြည့်ဆေးများ
=============
မျက်စိအတွက် အဓိကလိုအပ်တာက ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီး ဆိုတဲ့ ဗီတာမင်ဓာတ်တွေနဲ့ ဇင့် (သွပ်) နဲ့ ဆီလီနီယမ် သတ္တုဓာတ်တွေ ပါတဲ့ဆေးတွေ လိုအပ်ပါတယ်။ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ဆေးတွေက မျက်စိအတွက် အထောက်အကူ ပြုပါတယ်။ အရင်ကတည်းက မြန်မာပြည်ကို ဝင်လာတဲ့ ဗီတာမင်အုပ်စုတွေမှာ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တယ်ဆိုရင် မျက်စိအတွက် အားကောင်းတယ်ဆိုပြီး သောက်လို့ရတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ လူတိုင်းက

ကဆုန်လပြည့် ဗုဒ္ဓနေ့


“ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ဝိဆက်ဒေး Vesak Day”
••••••••••••••••••••••••••••••
ကဆုန်လပြည့်ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့
အထွဋ်အမြတ်ထားရာ “ဗုဒ္ဓနေ့” ဖြစ်ပါတယ်။
ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ဟာဆိုရင် မဟာလူသားမြတ်ဗုဒ္ဓ၊
သစ္စာတရားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာ
ဘုရားရှင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့
“ကဆုန်လပြည့်ဗုဒ္ဓနေ့”လို့ခေါ်ဆိုပြီး နိုင်ငံတကာသုံးအနေနဲ့တော့
“ကဆုန်လပြည့်နေ့”ကို “ဝိဆက်ဒေး” (Vesak Day) သို့မဟုတ်
“ဝိဆာခါဒေး” (Vesaka Day) လို့ခေါ်ပါတယ် ။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင်းပတဲ့ရက်တွေမတူညီသလို
အခေါ်အဝေါ်တွေလည်းကွဲပြားကြပါတယ်။